"Happy Birthday သက်တံ့
မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ "ကျွန်တော် သက်တံ့လက်လေးကို ကိုင်ကာ
မွေးနေ့ဆုတောင်းစကားပြောလိုက်သည်။သက်တံ့က ကျွန်တော်ကိုင်ထားတဲ့လက်ကိုဖယ်ကာ ကျွန်တော်ကို ဖက်ပြီး
"မင်း မမှတ်မိတော့ဘူးလို့ထင်နေတာ။ ငါက မင်းငါ့မွေးနေ့ကို မေ့သွားပြီထင်နေတာ။ "
"ငါက ဘာလို့မေ့ရမှာလဲ။ ငါ ဒီနေ့အတွက် အများကြီး ကြိုတင်ပြင်ဆင်ထားခဲ့ရတာ။ ဒီနေ့အတွက် ငါအများကြီး ကြိုးစားခဲ့ရတာ။ ငါ မေ့လို့ရမလား"
"ငါ အရမ်းပျော်တယ် "
"ဟင် ငါဘာမှ မလုပ်ပေးရသေးဘူးလေ။"
"မင်း ငါ့မွေးနေ့မှတ်မိရင် ရပြီလေ။ မင်း ငါ့အတွက် birthday song လဲ ဆိုပေးတယ်။ birthday wish လဲ လုပ်ပေးတယ်လေ။ ဘာလုပ်ပေးချင်သေးလို့လဲ"
ကျွန်တော် သက်တံ့ကို မျက်နှာချင်းဆိုင်ကာ သူ့ပါးလေးနှစ်ဖက်ကို လက်နဲ့အသာလေး ဖိထားရင်း
"မဟုတ်သေးဘူးလေ။ ငါမရှိခဲ့တဲ့ နှစ်တွေတုန်းက မင်းငါ့အတွက် အများကြီး လက်ဆောင်တွေ လုပ်ပေးထားတာလေ။ ငါလဲ ပြန်ပေးချင်တာပေါ့။"
"မင်းက ဘာလုပ်ပေးချင်လို့လဲ"
"ခဏလေး လောလောဆယ် မျက်လုံး ခဏမှိတ်"
သက်တံ့ရဲ့ မျက်လုံးကို ကျွန်တော့်လက်နဲ့ပဲ အနောက်ကနေ ဖိကပ်ကာ ပိတ်ထားလိုက်သည်။
အဲ့အချိန် မော်လေးတို့က မွေးနေ့ကိတ်ကို ကိုင်ကာ အခန်းထဲဝင်လာကြသည်။ သူ့ရှေ့မှာ ရပ်ကာ ဖယောင်းတိုင်ကို ကိတ်မုန့်ကိုမီးညှိကာ ကိုင်ပေး
ထားကြသည်။ကျွန်တော် သက်တံ့ မျက်လုံးတွေကို ဖွင့်ပေးလိုက်တော့ မော်လေးတို့က birthday song နောက်တစ်ခေါက်ထပ်ဆိုကြသည်။
"happy birthday to you
happy birthday to you
happy birthday dear that tant
happy birthday to you"သက်တံ့က မော်လေးတို့ကို ကြောင်ကြည့်နေတာကြောင့်
"ဟဲ့ ဘာကြောင်ကြည့်နေတာလဲ။ ဖယောင်းတိုင်တွေ အရည်ပျော်ကုန်ပြီ။ မြန်မြန်ဆုတောင်းပြီး မီးမှုတ်တော့လေ။"