{ 1 }
တိမ်စိုင်မိုးမှိုင် လမင်းကြီးအောက် ထိန်းသာနေသည့် မြို့လေးတွင် ည လေညင်းနှင့် နှင်းပွင့်ဖတ်တို့က တလိမ့်လိမ့် ခြွေဆင်း လေစေလို့ နေသည်။ ထိုနှင်းလုံးတွေကြား မှိတ်မှိတ်သုန် လင်းလက်နေသည့် မီးသီး ရောင်စုံငယ်များ..
❄❄❄
⛄COFFEE SHOP⛄ လေးရဲ့ လူဝင် တံခါးပေါက်၌ ချိတ်တွဲထားသော ခေါင်းလောင်းငယ် ဘလ်သံက ထိခတ် အသံသာ၏။ ထိုဘလ်သံလေးနှင့်အတူ ဆိုင်လေးတွင်းမှ တီတိုးအသံများကပါ တဟုန်းထိုး ကျဆင်းသွားသည်။ အဘယ်ဆို အခုဝင်လာသည့် လူက သူတို့အား ရေခဲရိုက်သည်ကိုး။
ဒီလူရဲ့ ပြင်းထန်တဲ့ အရှိန်ဝါ၊ တည်ကြည့်တဲ့ ဟန်နေပန်၊ ဖြောင့်မတ် တောင့်တင်းတဲ့ ကိုယ်နေအချိုးအစား၊ အေးစက် ညို့ယူတဲ့ မျက်ဝန်းရယ်နှင့် ယစ်မူးစွဲလမ်းဖွယ် နှင်းဆီဖွာ နှုတ်ခမ်းတစ်စုံ..
အဲ့ဒါ လူလား??
"သူဌေး! သူဌေး!!"
ကော်ဖီစေ့တို့အား ကျိုစက်ထဲ ထည့်နေရင် အနောက်မှ ရုတ်တရက် ခေါ်သံကြောင့် (သူ)၏ ကျယ်ပြန့်သော ပခုံးနှစ်ဖက်က အလိုလို ကျုံ့လျက်သားလေး။ နောက် ဝိုင်းလဲ့သည့် မျက်လုံးလေး နှစ်ဖက်က အသည်းသန် ခေါ်သူဆီ ပြူးတိတိ ကြည့်လို့။
"ဘာလဲ"
"ဟို..ဟို..ကျွန်တော်တို့ဆိုင်ကို လူလာတယ်ဗျ!"
?
လူလာဖို့ ဖွင့်ထားတဲ့ ဆိုင်ကို လူမလာလို့ ..!
လူတစ်ယောက်အား အဆန်းကျယ် ဖြစ်နေကြသည့် သူ့ဝန်ထမ်းတွေကို အသံနဲ့ ဖြဲခြောက်လည်း မမူ အုပ်စုလိုက်ကို ဟိုလူဆီ မသွားဟု ဘူးတစ်လုံးဆောင်၏။
နောက်ဆုံး ကိုယ်သာ အလန်ဖြူပြပြီး သဲသဲလုပ် သူ့ဝန်ထမ်းတို့ လှမ်းပြရာ စားပွဲဝိုင်းဆီ မျက်စထိုးလိုက်သည်။ မြင်သည်မှာ မနီးမဝေးက ထောင့်ကျကျ နေရာတွင် ထိုင်သည့် ရင့်ကျက်ဟန် မူပန်နှင့် လူငယ်လေး တစ်ယောက်။ အပေါ်စွယ်တာအင်္ကျီမှ အောက်အဆုံး အနက်ဖြင့်သာ လွှမ်းနေ၏။ နက်လွန်းလို့ထင် ထိုလူငယ်ရဲ့ ဘေးပတ်လည်မှ မည်းမှောင်နေသကဲ့သို့။ ကောင်လေးသည် မှန်ပြတင်း လိုက်ကာကြားမှ အပြင်ဖက်ရှိ နှင်းမှုန် နှင်းစိုင်တို့အား အေးအေးလူးလူး ငေးနေသည်။ ဆိုသော် သူ၏ ခြေလှမ်းများကလည်း တစ်ရွေ့ရွေ့ဖြင့် ထိုရေခဲပြင်ကြီးဆီသို့ ...
YOU ARE READING
🐯TaeJin🐹
Fantasy🐯 - "ကျွန်တော် Jin Hyung ကို သဘောကျဆုံးပါ" ( ကျွန်တော် Jin Hyung ကို သဘောကျဆုံးပါ ) 🐹 - "Taehyung, Hyung က မင်းကို များကြီး ချစ်တယ်နော်" ( Taehyung, Hyung က မင်းကို အများကြီး ချစ်တယ်နော် )