2: ချစ်သော လူကြီး<ချစ်သော လူကြီး>

627 46 1
                                    

{ 2 }

ကွဲအက်နေတဲ့ နှလုံးသားလေးက သူအား လှောင်၏။

မင်း သိပ်သတ္တိကောင်းတာပဲတဲ့...

🌸🌸🌸

ဟော်ခန်းကြီးအလယ်...

သတိုးသားနှင့် သတိုးသမီး အကြင်လင်မယားဖြစ်ကြောင်း အနမ်းပေးချိန်တွင် အားလုံးရဲ့ လက်ခုပ် စည်းချက်တွေဟာ ခန်းမကြီးတစ်ခုလုံး ပဲ့တင်ထပ်လို့။ ထိုပျော်ရွှင် ထောက်ခံကြသူများအလယ် ခံစားချက်မပေါ်သည့် အပြုံးနှင့် လက်ခုပ်ဩဘာ ချီးမြှင့်နေသည့် ကောင်လေး။ ထိုကောင်လေးရဲ့ မျက်တောင်းဖျားတွေကဖြင့် တဖျက်ဖျက် ခတ်လို့သာ..

ခမ်းနားပါသော ထို Wedding အပြီးတွင် အကြင်စုံတွဲနှစ်ဦးအား ကောင်းချီပေးနေသည့် လူအများမှာလည်း ခန်းမကြီးမှ တဖြည်းဖြည်း နှုတ်ဆက် ထွက်ခွာလျက်။ ထိုလူတွေကြားကပင် ခိုင်းရက်မဲ့  လူငယ်တစ်ယောက်မှလည်း လာရောက် ဂုဏ်ပြုလေသည်။ သတိုးသားရှေ့သို့ ရိပ်မိုးလာသည့် အမှောင်ထုနှင့် သူ့အား ကမ်းလှမ်းသည့် လူငယ်ရဲ့ သွယ်ယှက်တဲ့ လက်လေး။

နောက် ထိစပ်သွားတဲ့ လက်နှစ်သွယ်မှာ နွေးထွေးမှုမရှိ အေးစက်စက်သာ..

"Congratulation ပါ Hyung~"

"မင်း၊ ..သွားတော့မယ်ဆို"

လူကြီးရဲ့ မျက်ဝန်းတွေအား သူမကြည့်လို။ သူ ကြည့်ရာအရပ်က လူကြီးနှင့် ချိတ်တွဲထားတဲ့ လက်ပေါ်မှာသာ။ နောက် လူကြီးရဲ့ မေးခွန်းထက် အလိုလို မဲ့ပြုံး ဆင်တတ်လာသည့် သူ့နှုတ်ခမ်း။

"Oh~ Hyung သိတယ်။ အင်း ဒီနေ့ည လေယာဉ်နဲ့ ထွက်မှာ။ ပြောရရင် ကျွန်တော့် ပညာရေးအတွက်။ .အမှန်က.. စူးနေတဲ့ မှတ်ဥာဏ်တွေ မေ့ပျောက်ချင်လို့~"

သူ့အပြုံးက အသက်ဝင်ရဲ့ထင် လူကြီးမျက်ဝန်းမှာ အရောင်တွေမဲ့၏။

"ထယ်ထယ် ရောက်ရင်လည်း ဖုန်းလေး ဆက်ဦး။ အရင်လို ပျောက်ပျောက်မသွားနဲ့ ကြားလား"

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 16, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

🐯TaeJin🐹Donde viven las historias. Descúbrelo ahora