1: ချစ်သော လူကြီး<ချစ်သော လူကြီး>

562 47 0
                                    

{ 1 }

အရမ်းချစ်လို့ ရူးရ၏။

ရူးမိလို့ ယစ်မူးတောင်းတ၏။

လှမ်းနိုင်၍ မုန်းချင်သော်....

"ခင်ဗျားက ဘာမို့လို့လဲ! ဘာကောင်မို့ ကျွန်တော်ကို ပြန်မချစ်နိုင်ရတာလဲ!!"

ခက်ထန်လွန်းပါသည့် ဤမျက်ဝန်း။ နောက် ပါးပြင်ထက် ပူလောင်နစ်မွန်းနေသည့် မျက်ရည်စက်တွေ။ သူ၏ အသက်ရှူသံဟာလည်း လည်ဝ၌ ချုပ်တည်းထား သကဲ့သို့ နေရခက်ကာ ရင်ဘတ်မှတည်း အောင့်သက်သက် စူးပါ၏။

"တော်တော့ ထယ်ယောင်~"

တစ်ချက် ကလေးတောင် အမူရာမပျက်တဲ့ ထိုလူကြီးကို ကြည့်ရင် ရင်ဝသည် မီးပြင်အောက် နစ်သထက် နစ်ဝင်၏။

"ခင်ဗျားက သိုးရေခြုံထားတဲ့ မြေခွေးလို လူ။ ကျွန်တော်ကို မျှော်လင့်ချက်တွေပေး အရမ်းတွေကောင်းပြ နောက်ဆုံးတော့ ဒီ အမင်္ဂလာ ဖိတ်စာနဲ့ ကျွန်တော် ရင်ဝကို စောက်ကန်း!!"

လူကြီးမျက်နှာဆီ ပစ်ပေါက်လိုက်သည့် ငွေရောင် ဖိတ်စာငယ်။ အမှန်တော့ သူ့နှလုံးသားကိုသာ လူကြီးဆီ ပစ်ပေါက်လိုက်တာပါ။ သူ့ နှလုံးသားက ဒီဖိတ်စာကြောင့် အက်ကွဲပြီး ခံစားချက်တွေ မဲ့သွားလို့။

"မင်း လာချင်လား"

"..."

ကျွန်တော်မျက်နှာပေါ်က မျက်ရည်တွေ ဒီလူကြီး မမြင်ဘူးလား။ သူပြောနေတဲ့ စကားတွေရော ဒီလူကြီး မကြားဘူးလား။

နောက်ဆုံးတော့ သူ့မျက်ရည်ဟာ ရပ်တန့်သွားပါသည်။ ပူလောင်နေတဲ့ ရင်ဘတ်လည်း ရေခဲရိုက်ထည့်လိုက်သလို အေးစိမ့်လို့။

အပြုံး.. သူ့နှုတ်ခမ်းမှ အပြုံးအား ချိတ်၏။ နောင်တနှင့်နာကျည်းနေတဲ့ သူ့ မျက်ဝန်းကိုတော့ လျစ်လျူရှုရင်...

"သိပ် လာစေချင်သလား? ခင်ဗျားကို သွက်သွက်ခါ ချစ်နေပါတဲ့ လူကို ခင်ဗျား မင်္ဂလာဆောင် လာစေချင်သလား? ဟက် ကောင်းပြီလေ ကျွန်တော် လာမယ်။ ကျေနပ်ရော်ပေါ့~ အ! ကျွန်တော်လေ ခင်ဗျားကို မုန်းလောက်အောင် ချစ်တာတော့ ယုံပေး...ဒါဆို"

🐯TaeJin🐹Where stories live. Discover now