2: MARRY CHRISTMAS

638 54 0
                                    

{ 2 }

"သူဌေး မယ်ရီခရစ္စမတ်ပါ"

"အေးပါ ကောင်းကောင်းပျော်ခဲ့ကြ"

"သူဌေး တကယ် ကျွန်တော်တို့နဲ့ မလိုက်ဘူးလား?"

"ဒီလိုနေ့မျိုးတောင် ငါတို့သူဌေးက ဆိုင်မပိတ်တာ မင်းက လှည့်ခေါ်နေသေးတယ်။ ပြီးတော့ သူဌေးက စောင့်နေတာ.. စောင့်နေတာကွာ ဟင်း ဟင်း"

"ဟယ်? သူဌေးက ဘယ်သူ စောင့်? ဘယ်သူကိုး? ငါလည်း ပြောပြဦးဟဲ့"

ဆော့ဂျင်းရဲ့ နားရွက်ဖျားလေးတွေ ရဲတက်လို့ လာ၏။ သူမှာ ရှက်ရမ်းတွေလည်း ရမ်းကာ ဝန်ထမ်းတို့အား အသံအားနှင့် နှုတ်ခမ်းတလှန် ရန်တွေ့ပါသည်။ ချစ်ဖို့ကောင်းအောင် ရန်တွေ့တတ်သည့် သူတို့သူဌေးက တကယ့် ချစ်မွှေးလေး။

"ဒါဆို သူဌေးပေးတဲ့ ဘောက်ဆူးနဲ့ ပျော်ခဲ့ပါ့မယ်ဗျ။ သူဌေးလည်း ဆက်စောင့်နော် ဖိုက်တို!"

"အရူးလေးတွေ~"

ဆိုင် တံခါးဝမှ ဘလ်သံလေးလည်း တိတ်ဆိတ်လို့ သွားပြီး။ အတန်လိုက် ခုံဝိုင်းတွေလည်း လူသူမဲ့ကာ ရှင်းလင်းလို့နေသည်။ နံရံမှ သံဂျက်နာရီကတော့ အသံခတ် အချက်ပေးလို့။

9:30.....

9:50....

10:00

အခုထိ ကောင်တာမှာ သူတစ်ယောက်တည်း ရပ်စောင့်လို့ နေမြဲ။ ဆိုင်ပိတ်ချိန် အရောက်တော့ သူပြုံးမိသည်။

အရူး..ကောင်လေးလည်း ဒီနေ့မျိုးမှာ သူ့ချစ်ရတဲ့ လူတွေနဲ့ အတူရှိမှာပေါ့ မင်းဆီ သူဘာလာလုပ်မှာလဲကွ..

မဟုတ်မှ ကောင်လေးက သူ့ ချစ်သူနဲ့အတူ ရှိနေမလား..ဘာဖြစ်ဖြစ် ကောင်လေး ချစ်သူကရော ငါ့လောက် ချောပါ့မလား?

သူ ထပ်ပြုံးမိရော..

အလှဆင် မီးရောင်ငယ်တို့အား ပိတ်ရင် တံခါးမတွင် ဆိုင်ပိတ်သည်ဆိုတဲ့ ဘုတ်ပြားလေးကို ပြန်လှည့်ချိတ်လိုက်သည်။ နောက် သူလည်း အပြင်သို့ မျက်နှာပေးလိုက်သည်နှင့် နှင်းစက်လေးတွေသည် သူ့ပါးပြင်သို့ ထိခတ်ပါ၏။ အေးစက်သည့် အထိတွေ့နှင့်အတူ အထီးကျန်မှုကိုပါ တပြေးထဲ ခံစားမိလျက်။

🐯TaeJin🐹Where stories live. Discover now