Unicode
" အား.. ကျွတ်! ကျွတ်! ...
ခေါင်းကိုက်လိုက်တာ "နိုးလာတာနဲ့ ညက သောက်ထားတဲ့ အရက်ရှိန်ကြောင့် ခေါင်းက တဆစ်ဆစ်...
သို့ပေမဲ့ သူကြိုက်တဲ့ အနံ့သင်းသင်းလေးက ကြိုလို့နေတယ်..." ငါ Ge Ge အခန်းထဲမှာပဲ...
ညက ဘယ်လို ဖြစ်တာပါလိမ့် "သောက်ပြီးရင် ဘာ မှ မမှတ်မိတော့တဲ့ Yibo က ညက သူ့ သူငယ်ချင်းတေွ လာ ပို့ သွား တာ တောင် မမှတ်မိတော့...
Yibo လဲ မျက်လုံးလေး ပွတ်ရင်း ဘေးဘက် လှည့်ကြည့်လိုက်တော့ Xiao Zhan က ရှိမနေ...
စောစောထတတ်တဲ့ Xiao Zhan က အရင်ထလို့ သွားနှင့်ပြီ။
နိုးလာတာနဲ့ သူ့ GeGe အကြောင်း တွေးမိတော့လည်း ရင်ထဲက တဆစ်ဆစ်...
သို့ပေမဲ့ Yibo လဲ ရောက်လာတဲ့ အတွေးကို ခေါင်းခါကာ ထုတ်ပစ်လိုက်ပြီး အိပ်ယာထဲမှာ မှောက်လျက်ကြီး ဟိုလှိမ့် ဒီလှိမ့်နဲ့ သူချစ်တဲ့ Ge Ge ရဲ့ အနံ့လေး စွဲနေတဲ့ အိပ်ယာကို အားရပါးရ မွှေးကြူနေမိတယ်။
.
.
.
Yibo လည်း အခန်းတံခါးလေး အသာ ဟကာ အပြင် မှာ လူ ရှိ မရှိ အကဲ ခတ်လိုက်တယ်။" Ge Ge က ကျောင်းသွားပြီလား မသိဘူး "
လူမရှိတာ သေချာတာနဲ့ ထမင်းစားခန်းထဲ ၀င်လာ တော့ မနက်စာနဲ့ ရေညှိ ဟင်းချိုလေးက အဆင်သင့်...
သူ့ ကို ဂရုတော့စိုက်သေးတာပဲ...
ထမင်းစား ပြီး တာ နဲ့ ရေမိုးချိုးပြီး တဘက်လေးနဲ့ ခေါင်းသုတ်ရင်း ရေချိုးခန်းထဲက ထွက်အလာ ဆိုဖာပေါ်မှာ လက်ပိုက်ထိုင် နေ တဲ့ Xiao Zhan ကြောင့် အခန်းထဲ ပြေး၀င်မယ် အလုပ်..." Wang Yibo!! "
" ဗျာ "
" အဲ့ဒါ ဘယ်သွားမလို့လဲ "
" အခန်းထဲ သွားမလို့ "
" ဒီ ရှေ့ အခု လာခဲ့စမ်း "
" ဟုတ် "
Yibo က သဘက်ကလေး ကိုင်လို့ ကုပ်ကုပ် ကုပ်ကုပ်နဲ့ Xiao Zhan ရှေ့ မှာ မျက်နှာငယ်လေးနဲ့ ရပ်လာတယ်။
" မင်း အမှား မင်းသိလား ! "
" ဟုတ် "
" အခု ချက်ချင်း ဘာလုပ်ရမလဲ သိတယ်မလား "
" ဟုတ် "
Xiao Zhan က Yibo ကို မေးငေါ့ပြလိုက်တယ်...
သိရင် လုပ်ဆိုတဲ့ သဘော...
YOU ARE READING
OK!!! Deal!!! (Unicode+Zawgi)(Completed)(Season-1)
FanfictionWang Yibo: Ge Ge!! သား ကို မွ မွ ပေးလို့!! Xiao Zhan: မပေးဘူးကွာ နှာဗူး Wang Yibo: အဲ့ဒါဆို သား ငိုမှာနော် Xiao Zhan: ငိုလိုက်လေ.. ငိုရင် အိမ်ပြန်ပို့မှာပဲ Wang Yibo: စတာ စတာ မငိုတော့ဘူးနော်.. အိမ်တော့ ပြန်မပို့နဲ့ Wang Yibo: Ge...