3.6K 378 9
Unicode
" Ge Ge!!! Ge Ge!!! အီးးးဟီးးး "
Xiao Zhan အခန်းထဲကို မျက်ရည်စက်လက်နဲ့ ပြေးလာပြီး...
စားပွဲပေါ်မှာ laptop တစ်လုံးနဲ့ စာလုပ်နေတဲ့ Xiao Zhan ပေါ်ကို ခုန်တက်သည်...
တအိအိ ငိုနေတဲ့ Wang Yibo ကြောင့် Xiao Zhanမှာ လုပ်နေတဲ့ စာတွေကို ပစ်ထားကာ ခွေးပေါက်လေးကို ခွရက်ကလေး ချီလာပြီး ခုတင်ပေါ် တက်ထိုင်လိုက်သည်...
" တိတ် တိတ် Ge ခွေးပေါက်လေး ဘာဖြစ်လာတာလဲ ဟင် "
Xiao Zhanက ညင်ညင်သာသာလေး မေးလိုက်တော့...
Wang Yibo က သူ့ ပါးစပ် ကလေး ကို ဟပြရင်း...
မျက်နှာကြီးကလဲ ရှုံမဲ့လို့...
" သား ဟင့် သား ငါးဥတွေ စားမိလို့ တအားနံတယ် အီးးး "
" ဟမ် ဘယ်လို? "
Xiao Zhanက နားမလည်သလိုလေး မေးနေတုန်း...
ရှောင်၀ေ က အခန်း ရှေ့လေးမှာ မျက်နှာ ငယ် လေး နဲ့ လာရပ်နေတော့...
Xiao Zhanက အခန်းထဲ ခေါ်လိုက်သည်...
" ဘယ်လိုဖြစ်တာလဲ ရှောင်၀ေ "
" ဟို အဲ့ဒါကလေ "
Flash back...
Wang Yibo က စျေးရောက်တာနဲ့ သူ၀ယ်ချင်တာတွေ ၀ယ်ပြီး တစ်ခုမှ လက်ထဲမှာ မကိုင်...
သူ့ လက်ထဲမှာ စွဲစွဲမြဲမြဲ မလွှတ်တမ်းကတော့ skateboard ပဲရှိတယ်...
ရှောင်၀ေ မှာ တော့ သူ၀ယ်သမျှ ခြင်းတောင်းကြီး တကားကားနဲ့ အကုန် လိုက်သယ် ပေးရတာ...
ကြာတော့ စျေး၀ယ်တာ ရှောင်၀ေ လား? Wang Yibo လား? မသဲကွဲလောက်အောင်ပဲ...
တစ်နေရာရောက်တော့ ရှောင်၀ေ က ငါးဥ ၀ယ်‌နေတုန်း...
Wang Yiboက အနား ရောက်လာပြီး...
" ရှောင်၀ေ အဲ့ဒါဘာလဲ...
မလိုင်လား? "
ပါကင် ထုတ်ကလေးဆိုတော့ မလိုင်ထုတ် ကလေး တွေ နဲ့ အတော်တူနေသည်...
" မဟုတ်ဘူး ကိုကိုလေး ငါးဥတွေရယ် "
" ဟုတ်လို့လား? "
Yibo က မယုံသလို ပုံစံလေးနဲ့ မေးတော့...
" ဟုတ်တယ် ကိုကိုလေး တကယ် ငါးဥတွေရယ် "
ရှောင်၀ေ က ငါးဥ ထုတ်ကလေးကို သူ့ ခြင်းထဲ ထည့်မလို့ ရှိသေး...
Yibo က လှမ်း တား လိုက် ပြီး...
OK!!! Deal!!! (Unicode+Zawgi)(Completed)(Season-1)Where stories live. Discover now