Unicode
" ခွေးပေါက်လေး ညက ဘယ်အချိန် အိပ်တာလဲ...
မျက်ကွင်းတွေလဲ ညိုလို့ "အခန်းထဲကနေ မျက်လုံးလေး ပွတ်ရင်း တ၀ါး၀ါး သန်းကာ ထွက်လာတဲ့ Yibo ကို Xiao Zhan က ၀ယ်လာတဲ့ မနက်စာတွေ စားပွဲပေါ် တင်နေရင်း မေးတယ်...
" အာ.. အဲ့ဒါလား.. ဟုတ်.. ဟုတ်တယ် .. သား ညက နည်းနည်း နောက်ကျမှ အိပ်ဖြစ်လို့ "
ညက ပုံစံလေး တွေး လိုက် ရင် တောင် စိတ်က မရိုးမရွဖြစ်လာပြန်သည်။
အတွေးတွေနဲ့ တောင့်တောင့်ကြီး ရပ်နေတဲ့ Yibo ကို Xiao Zhanက ခေါင်းလေး ပုတ်လိုက်ရင်း...
" ခွေးပေါက်လေး!
ဘာကိစ္စ တောင့်တောင့်ကြီး ရပ်နေတာလဲ ..
သွား မျက်နှာ သစ် တော့ လေ "" ဟုတ်.. ဟုတ် Ge Ge "
ထိုအခါမှ Yibo လည်း သတိ၀င်လာကာ ရေချိုးခန်းထဲ ၀င်သွားသည်။
" အိပ်ရေးပျက်လို့များလား ကြောင် တောင်တော်ကို ဖြစ်လို့ "
Xiao Zhanကတော့ Yibo ပုံ ကို ကြည့်ကာ ခေါင်းခါရင် ကျန်နေခဲ့တယ်။
.
.
.
" Bo Di လေး နေမကောင်းဘူးလား "ရှေ့မှာ ချထားတဲ့ မုန့်ကို တို့ရုံသာ တို့ပြီး စကားလည်း သိပ်မပြောတာကြောင့် Xiao Zhanက မေးမှ Yibo က မျက်လုံးလေး လှန်ကြည့်လာပြီး...
" Ge Ge ဟိုလေ သား ပြောစရာ ရှိတယ် "
" အင်း ပြောလေ ခွေးပေါက်လေးရဲ့ "
" ဟို Ge Ge နောက်တစ်ခါ အဲ့လိုရင်ဘတ်ကြီး ဟနေတဲ့ အကျီကြီး မ၀တ်နဲ့ "
" ဟမ် ဘာလို့လဲကွ ...
ငါ အရင်ကလဲ ၀တ်နေကျပဲကို "" ဟို.. ရာ.. ရာသီဥတု အေးတယ်လေ..
Ge Ge အအေး မိမှာစိုးလို့ "" ဟမ်!! "
April လကြီးမှာ ရာသီဥတု အေးတယ်ဆိုတဲ့ Yibo ကြောင့် Xiao Zhanမှာ ပြောစရာ စကားတွေ ပျောက်ရှ...
" သား.. သား ၀ပြီ..
သွားပြီး စာလုပ်လိုက်ဦးမယ် "ဒီ လည်ပင်းသား ဖွေးဖွေးလေးကို အကြိမ်ကြိမ် ပြစ်မှား နေမိလို့ ဆင်ခြင်ဖို့ ပြောမိတဲ့ Yibo ရဲ့ ဆင်ခြေကလဲ တလွဲဖြစ်နေမှန်း ကိုယ့်ကိုကိုယ် ရိပ်မိသွားတဲ့ Yibo က အခန်းထဲ ထပြေးတော့တယ်။
YOU ARE READING
OK!!! Deal!!! (Unicode+Zawgi)(Completed)(Season-1)
FanfictionWang Yibo: Ge Ge!! သား ကို မွ မွ ပေးလို့!! Xiao Zhan: မပေးဘူးကွာ နှာဗူး Wang Yibo: အဲ့ဒါဆို သား ငိုမှာနော် Xiao Zhan: ငိုလိုက်လေ.. ငိုရင် အိမ်ပြန်ပို့မှာပဲ Wang Yibo: စတာ စတာ မငိုတော့ဘူးနော်.. အိမ်တော့ ပြန်မပို့နဲ့ Wang Yibo: Ge...