☪ ဇာတ်ကောင်မိတ်ဆက် ☪

44K 1.9K 93
                                    

                            ( Unicode )

အိမ်ထောင်ရေးဖောက်ပြန်တဲ့အဖေ့စိတ်ကြောင့် စိတ်ကျရောဂါဖြစ်ပြီး နောက်ဆုံးထွက်သက်အချိန်ထိ ကျွန်တော့်အပေါ် မိခင်တစ်ယောက်တာဝန်အဖြစ် တစ်ခါလောက်တော့ မထွေးပွေ့ခဲ့ဖူးတဲ့ အ​မေဆီက ပထမဦးဆုံးမှာခဲ့တဲ့စကားတစ်ခွန်းက ..

* လိုချင်ရင် ရအောင်ယူလိုက်သား၊ သူများလက်ထဲအပါမခံနဲ့၊ ကိုယ်ပိုင်တဲ့အရာကိုလာလုတဲ့လူတွေက သေတာနဲ့ပဲထိုက်တန်တယ်၊ တချို့အရာတွေကကိုယ်ချစ်တဲ့လူ ကိုယ့်အနားမှာရှိဖို့အတွက် အတ္တကြီးသင့်ရင်ကြီးရမယ် * တဲ့

အဲ့ဒီ့အချိန်တည်းက အမေ့ရဲ့အသံက ကျွန်တော့်နားထဲမှာ တစ်ဝဲလည်လည်ဖြစ်လာတယ်။ နွေးထွေးတဲ့ရင်ခွင်တစ်စုံမရှိတဲ့ကျွန်တော်ဟာ အေးစက်တဲ့လူတစ်ယောက်ဖြစ်လာတယ်ကြောက်စရာကောင်းတဲ့စိတ်ခံစားမှု့တွေရှိလာခဲ့တယ်။ငယ်ငယ်လေးထဲက ကျွန်တော်ပိုင်တဲ့ပစ္စည်းလေးတွေကိုတခြားကလေးတွေလာထိတာကိုမုန်းတယ် အဲ့ဒါကြောင့်လဲ ဗီဒိုတည်းမှာအမြဲတမ်းဖွက်ထားခဲ့ရဖူးတယ် ။

တနေ့တော့ကျတော့တခြားကလေးပိုင်တဲ့ပစ္စည်းလေးကျွန်တော်လိုချင်ခဲ့တယ်၊ တောင်းဝယ်ကြည့်ခဲ့တယ်၊ မရခဲ့ဘူး၊ အဲ့ကလေးခေါင်းမာလွန်းလို့လေ။ အဲ့ဒါကြောင့် ကျွန်တော်အဲ့ကလေးခေါင်းကိုရိုက်ခွဲပြီးအရုပ်လေးကိုမီးရှို့ဖျက်စီးပြစ်လိုက်တယ် ။

ဘာလို့လဲ ?

အဖြေကတော့ရှင်းရှင်းလေးပဲ ကျွန်တော်မှမဟုတ်ရင်ဘယ်သူမှမပိုင်ဆိုင်ရအောင် ဖျက်စီးပြစ်မှာ။ ကျွန်တော့်အတွက်တော့မိဘဆိုတဲ့သူတို့ဟာ အကြီးမားဆုံးငရဲခန်းတစ်ခုပဲ ။

ကျွန်တော့်ရဲ့အထီးကျန်တဲ့ဘဝထဲကို ကိုကို ရောက်လာခဲ့တယ်။ နွေးထွေးတဲ့အပြုံးတွေနဲ့ကျွန်တော့်ကိုကြိုဆိုတယ် ။ ဘယ်သူမှဂရုမစိုက်ပေးဖူးတဲ့ မေတ္တာတွေနဲ့ထွေးပွေ့တယ် ။ အဲ့လိုတွေကြောင့် ဒီကမ္ဘာပေါ်မှာကျွန်တော်အသက်ရှင်နေရတာအဓိပ္ပါယ်ရှိလာသလိုခံစားလိုက်ရတယ် ။

ကျွန်တော် ကိုကို ကိုပိုင်ဆိုင်ချင်တယ် ။

အမြဲတမ်းနွေးထွေးတဲ့အပြုံးတွေနဲ့စကားပြောတတ်တဲ့ ကိုကို ကို ကျွန်တော်ချစ်တယ် ။

Love Me Crazy For YouWhere stories live. Discover now