Chapter - [ 7 ]

6.2K 784 105
                                    

                          [ Unicode ]

ထိုသို့နှင့် ဂျောင်ဒုံဟွန်းဟာ သူ့ရဲ့ခြောက်ကပ်တဲ့အိမ်တော်ဆီပြန်လာခဲ့သည်။ သူ့စိတ်ထဲမှာရှိတဲ့ စိတ်ရှုတ်စရာတွေကိုမြိုသိပ်ထားရင်းပေါ့ ။

အိမ်ရောက်တာနဲ့ ဂျောင်ဒုံဟွန်းရဲ့ဦးတည်ရာသည် မြေအောက်အကျဥ်းတိုက်ထဲသို့ဖြစ်ပြီး..ထိုအခန်းရဲ့နံဘေးမှာ စုံလင်စွာချိတ်တွယ်ထားတဲ့ လက်နက်ကိရိယာမျိုးစုံရှိရာဆီ တဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ နံရံမှာအစီအရီချိတ်ထားတဲ့လက်နက်တွေကို ဗလာအတိမျက်ဝန်းတွေနဲ့ကြည့်ကာ တစ်ခုချင်းရွေးချယ်နေတော့သည်။ အေးစိမ့်စိမ့်နဲ့အပ်ကျသံမျှမကြားရတဲ့ဒီမြေအောက်အခန်းတွင် ဂျောင်ဒုံဟွန်းပလပ်ပေါက်တပ်ထားတဲ့ ဓားသွေးစက်အသံတစ်ခုသာဟိန်းထွက်လို့နေတော့သည်။

"ငါ့ကိုစော်ကားရင်တောင် မင်းတို့အသက်အတွက်အာမခံချက်ရှိနိုင်ပေမယ့် မင်းတို့က 'သူ့'ကိုပြောရဲမှတော့...ဟက် "

ရူးနှမ်းနေတဲ့လူတစ်ယောက်လို စကားတွေပြောရင်း နံရံပေါ်က တစ်ပေခန့်ရှည်တဲ့ဓားကိုယူပြီး ဓားသွေးစက်နဲ့သေချာတိုက်ချွတ်နေတဲ့ ဂျောင်ဒုံဟွန်းရဲ့ပုံစံဟာ စိတ္တဇဖြစ်နေတဲ့လူတစ်ယောက်လိုပင်၊ မဟုတ်ဘူး ဂျောင်ဒုံဟွန်း လိုလူက တကယ့်စိတ္တဇဖြစ်နေတဲ့ လူတစ်ယောက်ပဲဖြစ်သည်။

_____________________________________

ညနေကျောင်းလွတ်တဲ့အချိန်မှာ ယွန်းချယ်သည် ဒီနေ့အဖြစ်အပျက်တွေကိုဘာကိစ္စမှမရှိခဲ့သလို ပုံမှန်နှင့်ပင် အိမ်သို့ပြန်လာခဲ့သည်။ အဲ့လိုပဲ တဖက်က ကျောင်းလူမိုက်Aလည်း ဒီနေ့ ရန်ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပက်သတ်ပြီး လူငယ်ပီပီအမှတ်သည်းခြေနည်းပါးစွာ မေ့လျှော့၍ သူ့သူငယ်ချင်းတွေနဲ့အတူ ကျောင်းကနေအိမ်သို့ပြန်လာခဲ့သည်။

သို့သော် သူတို့နဲ့မတူစွာ လွန်စွာမှအမှတ်သည်းခြေကြီးတတ်သော တစ်ယောက်တစ်ယောက်ကတော့ ဒီညအတွက် ပြင်ဆင်နေတာကိုတော့ သူတို့မသိချေ။

ဖြူ၊နီ၊ပြာ၊ဝါ၊ ရောင်စုံမီးရောင်တွေအောက်တွင် သေရည်ယစ်မူး၍ တိမ်တွေပေါ်ဝဲပျံနေတဲ့လိပ်ပြာလေးသဖွယ် ယိမ်းနွဲ့ကာ က နေတဲ့ လူတွေသည် နောင်တစ်ချိန်သူတို့ဆီရောက်လာမယ့်ကံတရားကိုပင် မသိနိုင်လောက်အောင်ပျော်မြူးနေတော့သည်။ ယွန်းချယ်မှာ ပေါင်အရင်းနားလောက်ထိသာရှိတဲ့ ကိုယ်ကျပ်အကျီလည်ဟိုက် လက်ရှည်ဝတ်ဆင်၍ ကျောလည်ထိရှည်တဲ့ဆံပင်အား စက်အပူဖြင့်အနည်းငယ်ကောက်ထားပုံကဆွဲဆောင်မှု့ရှိလွန်းသည်။ ကျောင်းသူတစ်ယောက်လို့တောင်ထင်ရက်စရာမရှိလောက်အောင် ရင့်ကျက်တဲ့သွင်ပြင်အလှတရားနှင့် နီရဲတဲ့နှုတ်ခမ်းလွှာက သူမရှေ့မှာရှိသော ဝိုင်နီတစ်ခွက်လိုရစ်မှုးဖွယ်..။

Love Me Crazy For YouWhere stories live. Discover now