Chapter - [ 4 ]

9.6K 1.2K 87
                                    

[ Unicode ]

နောက်တစ်နေ့မနက် ကင်ဂျယ်ဆွန်းနိုးလာတဲ့အချိန်မှာဗိုက်ကနာကျင်မှု့ကသက်သာလို့နေပြီ အရင်ကဆိုရင် ကော်ဖီကိုဝေးဝေးမှတစ်ခါ အနည်းငယ်လောက်ပဲသောက်တတ်ပေမယ့် အခုတလော ကော်ဖီသောက်တာစိတ်လာတာမို့ အစာအိမ်ကလက်မခံဖြစ်လာသည်။ ထို့ကြောင့်လူမှု့ရေးအရဆိုရင်တောင် ကင်ဂျယ်ဆွန်းကော်ဖီသောက်တာရပ်ရတော့မည်။

ဒီနေ့အလုပ်သွားရမှာမို့ ကင်ဂျယ်ဆွန်းပြင်ဆင်​နေ​တော့သည်။ ကော်လန်ရှပ်အဖြူရောင်နှင့်စတိုင်ဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်ပြီးအပေါ်ထပ်ကုတ်အရှည်အညိုရောင်ကိုထပ်၍ဝတ်ထားပြီး သူရဲ့တည်ကြည်ဖြောင့်မတ်တဲ့မျက်နှာထပ် မျက်မှန်ကိုတပ်ထားလိုက်သည်။ ပုံမှန်ဆိုရင်မျက်မှန်ကိုအိမ်မှာနေရင်းပဲတပ်ပေမယ့် ဒီနေ့တော့တပ်လာခဲ့သည်။အထူးသဖြင့်ရုံးပိုင်းအလုပ်လုပ်နေတဲ့သူ့အတွက်မျက်မှန်ကအရေးကြီးသည် ။

ဝုတ် .. ဝုတ် .. ဝုတ် ..

အကျီကျယ်သီးတပ်နေတုန်းအပြင်ဘက်ဆီက ဂျက်ကီလေးရဲ့ဟောင်သံကြောင့် ကင်ဂျယ်ဆွန်း ရဲ့ မနက်ခင်းအပြုံးတွေဖြစ်တည်ရပါသည် ။ ဂျက်ကီလေးဟာ အိမ်ရောက်တာမကြာသေးပေမယ့် သူ့အပေါ်ခင်တွယ်ပြီး လိမ်မာတယ်၊ စကားလဲနားထောင်တာမို့ ကင်ဂျယ်ဆွန်းအတွက် အဖော်မရှိမှာစိတ်ပူစရာမလိုပေ ။

" ဂျက်ကီ .. ခဏလေး ပါးပါး ပြီးတော့မယ် "

ဝုတ် .. ဝုတ် ..

ပြီးတာနဲ့ချက်ချင်းရုံးလက်ကိုင်အိတ်ကိုင်ကာ အခန်းထဲကထွက်လာတော့ အပြင်ဘက်မှာအဆင်သင့်စောင့်နေတဲ့ဂျက်ကီလေးဟာ သခင်ဖြစ်သူကိုမြင်လိုက်တာနှင့်ချစ်စရာကောင်းစွာ ချွဲနေတော့သည် ။ ကင်ဂျယ်ဆွန်းသည်ဂျက်ကီလေးကိုကောက်ချီလိုက်ပြီးနောက် ခေါင်းလေးကိုနမ်းလိုက်သည်။

" ဗိုက်ဆာနေပြီလား Sorry ပါကွာ ပါးပါး အိပ်ရာထနောက်ကျသွားတယ်။အခုပြင်ပေးမယ်နော် "

ဂျက်ကီကိုလက်တစ်ဖက်နဲ့ချီထားပြီး ခွေးစာခွက်ကိုယူကာ ဂျက်ကီအတွက်နေ့လည်စာအတွက်ပါထည့်ပေးထားလိုက်သည် ။

" စားလို့ရပါပြီဗျာ.."

ဂျက်ကီစားနေတဲ့အချိန်မှာ ကင်ဂျယ်ဆွန်းဟာသူ့အတွက်မနက်စာကိုထည့်စားပြီး နာရီတစ်ချက်ကြည့်ကာ ရုံးအချိန်နီးနေပြီမို့ အမြန်စားပြီးကားသော့ယူကာတံခါးသေချာသော့ခတ်ပြီး အပြင်ထွက်လာတော့သည်။ သူ့သား ဂျက်ကီလေးကိုနှုတ်ဆက်ဖို့လဲမမေ့ ။

Love Me Crazy For YouWhere stories live. Discover now