Chapter - [ 2 ]

9.1K 1.3K 98
                                    

[ Unicode ]

စူးရှပြီးအလင်းရောင်ကောင်းစွာရှိနေတဲ့အခန်းရဲ့ပြတင်းပေါက်ကတိုးဝင်လာတဲ့နေရောင်ခြည်ကြောင့် ကင်ဂျယ်ဆွန်းနိုးလာခဲ့သည်။ အိပ်ရေးဝဝအိပ်လိုက်ရတာကြောင့် အိပ်ယာထဲအညောင်းညာဆန့်ပြီး ကိုယ်လက်သန့်စင်ကာ အိမ်ရဲ့ပြတင်းပေါက်တွေဖွင့်ပြီး နေရောင်ခြည်ရစေသည်။

ဒီတစ်ပတ်အိမ်ပြောင်းရွှေ့ဖို့ရှိတာကြောင့် ခွင့်ယူထားတာမို့ ဒီတစ်ရက်နှစ်ရက်အတွင်းကောင်းစွာအနားယူလို့ရသေးသည်။ ဒါ့ကြောင့်အရင်ဆုံးမနက်စာစားပြီး ရေခဲသေတ္တာပြောင်သလင်းခါနေတာကြောင့်စျေးဝယ်ထွက်ဖို့ကားသော့ယူကာအပြင်ထွက်လာသည်။

ကင်ဂျယ်ဆွန်းထွက်လာတဲ့အချိန်မှာပဲ တဖက်အိမ်ကြီးဆီမှာ အနက်ရောင်ဘန်ကားတစ်စီးရှိနေပြီး လူငယ်လေးတစ်ယောက်က ထိုကားပေါ်တတ်ခါနီး ကင်ဂျယ်ဆွန်းကိုတွေ့တော့ထူးဆန်းသလိုမျက်နှာနှင့်အနီးသို့ရောက်လာကာကြည့်သည်။
ကင်ဂျယ်ဆွန်းထက်ငယ်မယ့်ပုံပေါ်တဲ့ထိုလူကို ပြုံးပြကာအရင်မိတ်ဆက်လိုက်သည်။

"မဂ်လာပါ ကင်ဂျယ်ဆွန်းလို့ခေါ်ပါတယ်..မနေ့ကမှ ဒီဘက်အိမ်ကိုပြောင်းလာတဲ့အိမ်နီးနားချင်းအသစ်ပါ "

" အာ ဟုတ်ကဲ့၊ မဂ်လာပါ လီထယ်အိုလို့ခေါ်ပါတယ် "

" ဒီဘက်အိမ်မှာလူနေတယ်မထင်လို့ ဆန်မုန့်တောင်မပြင်ထားမိဘူး "

" ရပါတယ်။ဒီအိမ်မှာက အင်း..အဲ့လိုပေါ့ တံခါးအမြဲပိတ်ထားတော့လေ "

" အာ ဟုတ်ကဲ့ အဲ့တာဆို သွားခွင့်ပြုပါဦး "

" ဟုတ်ကဲ့ပါ "

လီထယ်အိုသည်သူ့အားဖော်ရွှေတဲ့အပြုံးနှင့်သဘောကောင်းတဲ့ထိုလူရဲ့နောက်ကျောပြင်ကိုငေးကြည့်ကာသက်ပြင်းမောချလိုက်သည်။

* ဒီရက်ကွက်မှာအိမ်တွေအများကြီးရှိပါရက်နဲ့ဘာလို့ဒီဘေးအိမ်မှလဲ? *

" ဟူးး ကံကောင်းပါစေပဲဆုတောင်းပေးလိုက်တော့မယ် "

လီထယ်အို ခြံရှေ့မှာရှိနေတုန်း ဖုန်းဝင်လာတာကြောင့်ကိုင်လိုက်သည်။

Love Me Crazy For YouWhere stories live. Discover now