Jimin လှည့်ထွက်လာပြီး ဘယ်ဘက် လမ်းကွေ့ကို ချိုးကွေ့လိုက်ချိန် yoonjiနဲ့တမ်းတွေ့မိရာ
ဟာ ကိုကိုရယ် ဘယ်ထွက်သွားတာလဲ တကယ်ပဲ ရှာလိုက်ရတာ
အမ်း ဟိုနားခဏ ကိုကို့ သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်လို့ လိုက်နှုတ်ဆက်တာ
အင်းပါ ထားတော့ မျက်နှာကြီး မှုံသိုးနေတာပဲ ဘာဖြစ်တာလဲ
ဘာမှမဖြစ်ပါဘူး ပူတယ်လေ အဲ့ကြောင့် ကဲပါ လာ လာ ကျောင်းမှာ ဘာမှရှိတော့တာလဲ မဟုတ်ဘူး ပြန်ရအောင်
ကိုကို လိုက်ပို့ပေးမယ်
အဲ့လို စကားလမ်းကြောင်းလွှဲ သူ့ရဲ့မှုန်သိုးတေဲ့မျက်နှာ ကိုလည်း ပြင်လိုက်ကာ အပြုံးချိုချိုနဲ့ပဲ jimin တစ်ယောက် yoonjiနဲ့ irill ကို အဆောင်သို့ပြန်လိုက်ပို့သည်Taeလေးလည်း အားရပါးရငိုချပြီး တုန်တုန်ရီရီ ခြေလှမ်း စိပ်လေးများဖြင့် လှမ်းကာ အဆောင်သို့ ပြန်ခဲ့စဥ်
Kim TaeTae
ခေါ်သံကြောင့် TaeTae လှမ်းကြည့်လိုက်သည် လမ်းရဲ့တစ်ဖက် တွင် ကောင်လေး အုပ်စုလိုက် အဖွဲ့ထဲက အရပ်မြင့်မြင့် ရုပ်ချောချော ကောင်လေးတစ်ယောက် မျက်နှာတွင် mask အုပ်ထားပေမယ်မျက်ခုံးမျက်လုံးများနဲ့ ကျယ်ပြန့်လှတဲ့ နဖူးပြင်နဲ့ဆံပင်တွေကို နဖူးပြင်ပေါ်အောင်နောက်သို့လှန်ထားကာ လျှာထိုး ဦးထုပ် အဖြူလေးကိုနောက်ပြန်ဆောင်းထားပြီး T-shirt အဖြူရောင်ပေါ်မှ မိုးပြာရောင်အကွက်အင်္ကျီလေး နဲ့ညာဘက်ပခုံးပေါ်တွင်လွယ်ထားသော အိတ်လေးက နောက်ဆုံးပေါ် brand အိတ်လေးနဲ့ ကြည့်ရတာ တော်တော်ကြည့်ကောင်းပြီး ချောမှန်းသိသာလှသည့်ကောင်လေးတစ်ယောက်သူကတော့အခြားမဟုတ်ပါဘူး jiminပြောတဲ့ အဲ့ဒီကောင် (jung kook)ပါ TaeTae လှမ်းကြည့်ပြီး ဘယ်သူများပါလိမ့်ဆိုတဲ့ အကြည့်မျိုးလေးဖြင့်.....JK သူငယ်ချင်းတွေထဲက တစ်ယောက်ကJKခေါ်ရာဘက်သို့ လှမ်းကြည့်ပြီး
ဟျောင့် ဘယ်သူလဲ
အမ်း ငါနဲ့သိတဲ့ကောင်မလေး အရင်သွားနှင့်လိုက် ငါလိုက်ခဲ့မယ်
Okay Okay
JKလည်း TaeTaeရှိရာ တစ်ဖက်လမ်းသို့ ပြေးကူလာသည် TaeTaeနားရောက်ဖို့ ခြေလှမ်းငါးလှမ်းလောက်အလိုမှာ ပြေးလာတဲ့အရှိန်လျှော့ချကာ ဖြေးဖြေးချင်း လျှောက်လာသည် ပထမ Taeမြင်လိုက်တဲ့အချိန်ကလို
JKမျက်နှာ က ရွှင်ပျမနေပဲ မျက်မှောက်ကြုတ်ကာ အနားသို ကပ်လာသည် mask တပ်ထားတောက် သူ့ရဲ့ မျက်နှာပေါ်က အလိုမကျမူက ပေါ်လွင်လှသည် ဘာအလိုမကျလဲဆို ဖောင်းအစ်ကားနေအောင်ငို ထားသော
TaeTaeမျက်နှာကို မြင်လိုက်ရခြင်းကြောင့်ဖြစ်သည်
TaeTaeလည်း JKကို သေချာကြည့်ရင်း ရင်းနှီးသလိုခံစားရတာမို့
YOU ARE READING
🎈 Your Attitude 🎈
FanfictionJeon Jung Kook _ ငါ ချစ်ရင် ငါ့ ကောင်မလေးပဲ အဲ့တော့ ငါ့ကောင်မလေးပဲလုပ် (to KTT) Kim TaeTae_ မုန်းလိုက်တာနော် ဘာလဲ မတွေ့ချင်ဘူး (to JJK), ငါ့ ဘဝမှာ နင်ဆိုတာ လုံးဝမရှိတော့ဘူး(to PJM) Park Jimin_ နင် ရူးမတက်ချစ်ခဲ့တာငါပဲလေ (to KTT), သဲကိုပဲချစ်တာပါ(to...