Ep(8)

517 33 4
                                    

ကိုကို သဲကို ဘာလို့ ရွေးတာလဲ

yoongi စကားကြောင့် jimin yoonji ကို မှုန်သိုးသိုးကြည့်ကာ

ချစ်လို့လေ

တကယ်ရော ဟုတ်လို့လား

မယုံကြည်တာမျိုလား မဟုတ်ရင် ကိုကိုက အဲ့လို အများရှေ့
ချပြနေပါ့မလား ရွေးတာလည်းမဟုတ်ဘူး ချစ်လို့

သူ့ ကိုမကျေနပ်လို့မလား

သဲ.. ကိုကို ကို အဲ့လို စကားနာ လာမထိုးနဲ့ကွာ

ဟင့်အင် သဲ အဲ့လို ပြောတာမှမဟုတ်တာ ကိုကို က
နာနေတာလား ဘာလို့လဲ ကိုကို ဟုတ်နေလို့မလား

မဟုတ်ဘူး တော်ပြီ သဲ အခြားဟာ ပြော

jimin ပြောတာ သဘောကျပြီး အဲ့စကားကို ဖျက်လိုက်ကာ

ကျောင်းပြီးတာနဲ့ သဲ ကိုယ်ပိုင်အလုပ်လေးလုပ်မယ်
ကိုကို သဲနဲ့ အတူနေပေးပါ

ဘာအလုပ်လဲ

ကိုကို နေပေးမှာလား

အွမ်း

မဟုတ်ဘူး သဲ အခုကတည်းက အိမ်ပြန်နေတော့မယ်
အဆောင်မှာနေလည်း ဘာမှမထူးဘူးလေ အိမ်ရှိနေတာပဲ
အခု ကတည်းက လုပ်ထားမို့ပါ ကိုကို့လို ပေါ့
အဲ့ကြောင့် ညနေ အိမ်ကိုအပြီးပြန်မယ် ကိုကို သဲကို
အိမ်မှာ လာကြိုပေးပြောတာ

ဒီနေ့ လား

အွမ်းလေ

ငယ်ပါသေးတယ် အလုပ်မလုပ်ရလည်း ဘာမှမှ မဖြစ်တာ
ကိုကို က သဲ ဘာမှမလုပ်လည်း ရှာကျွေးနိုင်ပါတယ်

ဟင့်အင် သဲက ထိုင်မစားချင်ဘူး ဘာလဲ ကိုကိုက
သဲကို အတည် ယူမယ်ပြောနေတာလား

yoonji အဲ့လို ပြောတော့ jimin ဆွံ့အ သွားပြီး
yoonji စကားတွေက နာစရာကောင်းနေခဲ့

သဲ က ဘာလို့ အဲ့လိုပြောတာလဲ သဲ က ကိုကို နားပဲ
နေချင်တာမလား

အွမ်း ဟုတ်တယ်လေ အဆောင်မှာတောင်မနေချင်ဘူး
မဟုတ်ရင် ကိုကိုနဲ့ဝေးသွားမှာစိုးရ

yoonji ဘာပြောလဲ jimin သဘောပေါက် သည်
jimin ဘာမှ ဆက်မပြော yoonji က ထယ်နဲ့ jimin ကို
ရှေ့ဆက် ပို ပတ်သတ်နေမှာ စိုး၍ သာ ဖြစ်တယ်

🎈 Your Attitude 🎈 Where stories live. Discover now