Ep(4)

578 46 2
                                    

ဒီလိုနဲ့ ရက်အနည်းငယ် ကြာလာတော့ Taeတို့ yoonji တို့လည်းအဆောင်မှာ နေသားကျလာတယ်

yoonji yoonji

ဘာလဲ Irill နင် ကလည်း အလန့်တကြားပဲ

မဟုတ်ဘူး ငါ တို့ ညနေကျ ညစျေးတန်းဘက်သွားရအောင်

ဟာ မသွားချင်ပါဘူး Irill ရယ်

ဘာလို့လဲ လုပ်ပါ သွားရအောင်ပါ အဆောင်နဲ့လည်း
နီးနေတာပဲ ကို နော်လို့ သွားရအောင် အခြားသူတွေ
လည်းသွားမယ် ပြောနေကြတယ်

သူတို့ဘာသွားသွားပေါ့ နင် သူတို့နဲ့ လိုက်သွား

ဟင့် yoonji ရယ် နင့်နဲ့ ငါပေါင်းနေတာလေ
နင်က ခွဲခြားခွဲခြားနဲ့ ဟာ

မဟုတ်ပါဘူး ငါ ကိုကို့ ကို စိတ်ဆိုးနေတာ သိရဲ့နဲ့

နင်ကလည်း စိတ်ဆိုးတာက သူ့နဲ့လေ
ငါ့နဲ့မှ မဟုတ်တာ နော် သွားရအောင်

ဟာ... နင်ဟာလေ အင်း ပါ အင်း လိုက်ခဲ့မယ်

ရေး... ဒါမှ တို့ yoonji ဒါနဲ့ ရှင့် ကိုကို ကို
Irill ခေါ်ပေးရမလား တူတူသွားဖို့

တကယ်လား

တကယ်ပေါ့ ရှင် ရယ်

ခေါ်ရရင် ခေါ်ပါ

ခေါ်နိုင်တယ် ရှင် ပျော်နေတယ်မလား

အရင် ခေါ်ရအောင်ခေါ်ပါ မိIrill ရယ်

ဆိုပြီး စိတ်ထဲနေရ အဆင်မပြေပေမယ့် yoonji
တစ်ယောက် jimin ကို တွေ့ချင်တာကြောင့်
Irill ကို မရမကခေါ်စေချင်းကြောင်း စကားနာလေး
ထိုးပြီး အဆောင်ဝန်းထဲ ထိုင်နေရာမှ အိပ်ခန်းဆီသို့
ထ ဝင်လာ လိုက်သည် Irill ကတော့ ကျန်နေခဲ့ပြီး
jimin ဆီ ကို ဖုန်းစ ဆက် ခေါ် နေခဲ့သည်

-------

TaeTae ညီမလေး

ဟုတ် မမ

အေး ညီမလေး မမတို့ ညနေ ညစျေးတန်းဘက်သွားမှာ
လိုက်ခဲ့ပါ့လား

တကယ်လား မမ ဟုတ် Tae လိုက်ခဲ့မယ်

Tae ကတော့ ငြင်းချင်းမရှိ သူမအတွက် ဒါမျိုးလေးတွေက
တွေ့ကြုံရခဲ မို့ သူမ မငြင်းတာပါ Tae က တစ်ယောက်ထဲ
နေရတာ ကြိုက်ပေမယ့် အဖော်လည်းမက်ပါတယ်

🎈 Your Attitude 🎈 Where stories live. Discover now