အပိုင်း (၁)

23 2 0
                                    


ကံတရားဆိုတာ
မျက်စိလည်လို့တောင်
ငါ့ဘက်လှည့်မလာတတ်တဲ့ အရာ
..................................................

"ဟဲ့ ....ဆက်ရွှေဝန်းရံတင့်...
ထစမ်း နင်အဲလိုကုလားသေ ကုလားမော
အိပ်နေရအောင် နင့်ကိုယ်နင် အရင်ကလို
ရွှေမင်းသားထင်နေလား ထစမ်း..
ခုချက်ချင်း လမ်းထိပ်မှာအကြော်သွားဝယ်
ပြီးရင် ထမင်းကြော်..."

အရင်က ရခဲ့တဲ့ နူးညံ့သိမ်မွေ့တဲ့ အနမ်းတွေအစား
ကြိမ်းမောင်းသံတွေနဲ့ နိုးထခဲ့ရတဲ့မနက်ခင်းတွေ
အရင်က ကျွန်တော်ကို မင်းသားတစ်ပါးလို ခစားရတဲ့
ကျွန်တော့်အဒေါ အခုတော့ ကျွန်တော်ဟာ
သူတို့အိမ်ရဲ့ ဘုံကျွန်..
ကျွန်တော် သိပ်မုန်းပါသည်။လူတွေက သိပ်ရွံဖို့ကောင်းတယ် ။ဟန်ဆောင်တတ်ကြတယ်။တကယ့်အတွင်းထဲမှာတော့ ကျီးအာသီးလို ပုပ်ပွနေတဲ့ စိတ်ဓာတ်တွေနဲ့လေ။

မျက်နှာမှာ အလှဆုံးအပြုံးတစ်ခုကို ပန်ဆင်လိုက်ပြီး

"တီငယ် သားမြန်မြန်လေး ဝယ်ပြီးပြန်လာခဲ့မယ်နော်
ကိုကိုတို့ မမတို့ မြန်မြန်လေးစားပြီး ကျောင်းသွားရအောင် သာ ဒုံးကျည်လေးလို ပြေးလိုက်မယ်နော်.."

ပြေးထွက်ခဲ့ပါသည် ။ ပိုက်ဆံငါးရာတန်လေးကို
ကိုင်ပြီး တစ်ဘဝလုံး မဟုတ်ရင်တောင် ဒီလောင်းရိပ်ကနေ ခနတာဖြစ်ဖြစ် ကင်းလွတ်ချင်တာမို့...

အကြော်ကိုခပ်သုတ်သုတ်လေးဝယ်ပြီး မီးဖိုချောင်ထဲမှာ မနေ့ညက ကျန်တဲ့ ထမင်းကြမ်းကို စားအုန်းဆီ
နှစ်စွန်းထည့်ပြီး ကြော်လိုက်ပါသည်။ အားလုံးအတွက်
မနက်စာပြင်အပြီး ကျွန်တော်ရဲ့ အခန်းငယ်ရှိရာ အထပ်ခိုးလေးတက်ပြီး သနပ်ခါးကို မှုံမှုံလေး လိမ်းပြီး
ဆံပင်ကို သေချာဖြီးလိုက်သည်။နွမ်းသော်လည်း
ချေးမရှိတဲ့ ကျောင်းဝတ်စုံလေးကို ဝတ်လိုက်ပြီး
လွယ်အိတ်လေးကိုလွယ်ကာ အောက်ထပ်ကို
ဆင်းလာခဲ့သည်။

"ဆက်လေး မနက်စာ စားပြီးပြီလား
ကိုယ်တို့နဲ့တစ်ခါတည်းလာစားလေ..
ကျောင်းသွားရင် ကိုယ်နဲ့အတူ စက်ဘီးနဲ့လိုက်ခဲ့..."

"ဟုတ်ကဲ့ ကိုဂျွန်."

ဆက် အလှဆုံးပြုံးပြလိုက်ပြီး ထမင်းစားပွဲမှာ
ဝင်ထိုင်လိုက်သည်။ကိုဂျွန်ကတော့ သူအတွက်
တီငယ်က အထူးကြော်ပေးထားတဲ့ ဆိတ်သားကြော်တွေကို ဆက်ပန်းကန်ထဲ တစ်တုံးပြီးတစ်တုံးထည့်ပေးနေလေသည်။

မောင့်ရဲ့ ငှက်ငယ်Where stories live. Discover now