7💞

1.1K 79 6
                                    


.Lisa ကတော့ ..Jen ဆီက ချစ်တယ် ဆိုတဲ့ အဖြေစကားလေး ကြားသွားမှ...
တင်းကျပ်စွာ ဖက်ထားတဲ့ သူမ ကိုယ်လေးကို ဖြေးညင်းစွာ လွှတ်ပေးလိုက်သည်။
.
Jen ကတော့ သူလွှတ်ပေးသည်နှင့်...
တံခါးနားကို အမြန်သွားပြီး..တံခါးကို ဖွင့်လိုက်သည်။..

"😊...Halmoeni..shii. . မအိပ်သေးဘူးလား ဟင်!"

"အိပ်တော့မှာ မြေး jen လေး အခန်း မီးလင်းနေသေးလို့ လာကြည့်တာ...ညဥ့်နက်နေပြီ အိပ်တော့လေ..."

"Nae ခနနေကျရင် အိပ်တော့မှာပါ..ဖွား.."

"Lili လေးရော အိပ်သွားပြီလား "

"အိပ်...အိပ်လောက်ပြီ ထင်တယ် ဖွား.."

"ဒါဖြင့် သူ့အခန်းက ဘာလို့ မီးလင်း နေသေးလဲ.  .ဖွား...ခေါ် ကြည့်လိုက်အုံးမယ်..."

"ဟို...လေ...ဖွား jen ဘဲ သူ့ကိုခေါ်ပြီး မီးပိတ်ဖို့ ပြောလိုက်ပါ့မယ် ..ဖွားက ပြန်အိပ်လိုက်နော်..."

"အဲ့လိုဆိုလည်း. ဖွားပြန်အိပ်တော့မယ်..."

"Nae ကောင်းသောညပါ ဖွား.."

"အေပါကွယ်..."

Halmoeni အခန်းထဲကို ၀င်သွားတဲ့ဘအထိ jen လှမ်းကြည့်နေလိုက်ပြီး...သူမ အခန်းထဲကို ပြန်ဝင်လာလိုက်သည်.။
Jen အနောက်မှာ ရပ်နေတဲ့ lisa က...
.
"မ...

"ပြန်တော့...

"ဘယ်ကို ပြန်ရမလဲ.."

"နင့် အခန်း နင်ပြန်လေ..."

"မ..ခုနက ဒီလို မဟုတ်သလိုဘဲ...lili ကို ချစ်တာရော သေချာရဲ့လား..."

"ခုနက...အခြေနေ အရ ..

"ဘာပြောလဲ!...

ချက်ချင်းဆိုသလို အသံကျယ်ကြီး..ထအော်တဲ့ သူ့ပါးစပ်ကို jen အမြန် လှမ်းပိတ်လိုက်ရသည်။...

"ဘာလို့ အသံပြဲကြီးနဲ့ ထအော်ရတာလဲ..."

"........"

"ပြန်အိပ်တော့...."

".........."

Jen ပြောတာကို မတုန့်ပြန်ဘဲ ပေကပ်ကပ် လုပ်နေတဲ့ သူ့ကို jen စိုက်ကြည့်လိုက်ပြီး...

"ဘာဖြစ်သွားလဲ...

".😢......"

Jen ရှေ့မှာ ခေါင်းငုံ့ပြီး...မျက်တောင်ကို အဆက်မပြတ် ခတ်တာ. ..နေတာကို ကြည့်ရရင် ဒီကလေး ၀မ်းနည်းသွားလို့ဖြစ်မယ်..။
ကလေးက ၀မ်းနည်းနေတာ..မှန်ပေမယ့် မဆီမဆိုင် jen က ဘာလို့ ရင်ထဲ မကောင်းသလို ခံစားနေရတာလဲ ..။
...
"ငိုနေတာလား..ဘာလို့လဲ..."

ချစ်လို့..JenLisa Donde viven las historias. Descúbrelo ahora