ညသန်ခေါင်ယံအချိန် အပြိုင်လင်းနေတဲ့ ကြယ်လေးတွေဟာ ကောင်းကင်အပြည့် ။ တောင်ပေါ် ကျေးရွာလေးတစ်ရွာ ဖြစ်တာကြောင့် မြို့ပြကြီးတွေလို လျှပ်စစ်မီးမရှိမရှိပဲ မှောင်မိုက်နေသည် ။ သို့သော် ကြယ်ရောင် လရောင်ကြောင့် အရာအာလုံးဟာ သာယာလျှက်ရှိ၏ ။
မကျဉ်းမကျယ် ခြံဝန်းလေးထဲရှိ အိမ်ရှေ့ မြက်ခင်းပြင်၌ ကျောချကာ ကောင်းကင်ထက် မျှော်ကြည့်နေသော ကောင်လေးနှစ်ယောက်..။
" ကြယ်တွေ ကြွေရင် ဆုတောင်းပြည့်တယ်တဲ့ ''
" ကိုကို့ ကိုဘယ်သူပြောလဲ ''
အသက် 18နှစ်အရွယ် ကောင်လေးတစ်ယောက်ဆီမှ ကြားရသောစကားကို 16 နှစ်အရွယ် ကလေးငယ်ကပြန်လည်ပြောကြားသည် ။
" ကျောင်းက ကိုကို့သူငယ်ချင်းပြောတာ ''
" ကိုကိုက ကြယ်တွေကို ကြွေစေချင်လို့လား..၊ မကြွေပဲ ကောင်းကင်မှာ ဒီအတိုင်းလေး တောက်ပနေတာ မလှဘူးလား ''
မှောင်မိုက်တဲ့ ကောင်းကင်ရှိကြယ်တွေအား ကြည့်နေရင်း ပြောလာတဲ့ ကောင်ငယ်လေးရဲ့ စကားတွေအဆုံး သူ့မှာ တအံ့တသြဖြစ်ရသည် ။ ကောင်ငယ်လေးကတော့ သူ့ဘေးနားလှဲနေရင်း ကြယ်တွေကလွဲပြီးဘာမှမမြင်ပုံ ဘေးဘက်ကိုတောင်ဂရုမစိုက် ။ အသက် 16 နှစ်နဲ့မှမလိုက် ပြောတဲ့စကားလုံးတွေက ဒီကောင်လေး ဘယ်လောက်ထိ ရင့်ကျက်ကြောင်း သိနိုင်၏ ။
တစ်ပါတည်း ဆုတောင်းတွေပြည့်ချင်လို့ ကြယ်လေးတစ်လုံးကြွေရင် ကောင်းမယ်ဟု တွေးတောမိတဲ့သူ့ကိုသူလဲရှက်မိသည်။
" သားတို့ရေ အချိန်မရှိတော့ဘူး ၊ မအိပ်ကြသေးဘူးလား.. ဒီကလေးတွေကတော့ မနက်ကျောင်းတက်ရဦးမယ်လေ အိပ်ကြတော့ ''
" ဟုတ်ကဲ့ တီတီနျန် ''
နှစ်ယောက်သား အိမ်ထဲသို့ဝင်ရင်း အိပ်ယာလေးဆီသို့ပြေးရသည် ။
သာမန်ဒေသတွေထက်အေးစက်လွန်းသော ရာသီဥတုကြောင့် အင်္ကျီထူထူဝတ်ရုံသာမက ဂွမ်းဆောင်ထူထူ ခြုံထားသည်တောင် နွေးရုံပင်ရှိသည် ။" ကိုကို ဒီဘက်တိုးလေ...''
" ကိုကို လှုပ်မရတော့ဘူး စောင်အထူကြီးပိနေပြီ ''
YOU ARE READING
Yizhan || Zhanyi ( One Shot Collection )
Fanfictionပျော်ရင်ပျော်ရမယ် ဒါမှမဟုတ်လည်း ငိုရလိမ့်မယ် ❣ ပျော်ရင်ပျော်ရမယ် ဒါမှမဟုတ်လည်း ငိုရလိမ့်မယ် ❣