ပုံမှန်အတိုင်း ပြောင်းလဲလာသည့် အချိန်တွေက 4 နှစ်နီးပါး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည် ။
ဒီနှစ်တွေအတွင်း ကိုကို ကျောင်းထွက်ကာ ပါပါးနဲ့အတူ တောသို့လိုက်၍ မျှစ်ခုတ်ကူညီသည် ။ ရိပေါ်လဲ ကျောင်းထွက်မည် ပြုသော်လဲ ကိုကိုကလက်မခံပဲ စိတ်ဆိုးကာ ရိပေါ့်ကို စကားမပြောသဖြင့် လက်လျှော့လိုက်ရ၏ ။
ကိုကို စိတ်ဆိုးစေမယ့် အလုပ်မျိုးလဲ ရိပေါ်မလုပ်ချင် ၊ သို့သော် ကိုကို ပင်ပန်းနေသည်ကိုလဲ မကြည့်ရက် ။
နောက်ဆုံး ပညာတွေသင်ယူရင်း ရိပေါ်က အင်အားကြီးသူတစ်ယောက်ဖြစ်အောင် ကြိုးစားရတော့မည် ။
" ကိုကို နဲ့ ပါပါးကြီးလဲ ပြန်မလာသေးဘူး ''
" လာတော့မှာပါသားရယ် ၊ မြို့သွားဖို့ ပြင်စရာရှိသာတာ ပြင်စမ်းပါ ၊ ပစ္စည်းတွေရော သေချာစစ်ပြီးပြီလား ''
တီတီနျန်စကားကြောင့် ရိပေါ် ငိုချင်လာသည် ။
ကိုကို့ ကိုဒီမှာထားခဲ့ပြီး ရိပေါ်က မြို့သွားရမယ်တဲ့လား?ရိပေါ်က မြို့ပြကြီးမှာ ကျောင်းတက်နေစဉ် ကိုကိုက ဒီမှာ ပင်ပန်းနေရမှာ ။ ငယ်ငယ်ကတည်းက တစ်ခဏတောင် မခွဲဖူးတဲ့ကိုကိုနဲ့ ခွဲခွာဖို့ ရိပေါ် သတ္တိမရှိသေးပါ ။
ကိုကိုရော...ရိပေါ့်ကို ခွဲနိုင်တယ်လား..?
အတွေးနဲ့ ဝဲတက်လာတဲ့ မျက်ရေတွေ ကိုအကြမ်းပါးတမ်းသုတ်ဖယ်ပြစ်လိုက်သည်။" ရိပေါ်...''
ထိုအချိန် ပြန်ရောက်လာတဲ့ ကိုကိုနဲ့ ပါပါးကြီး ။
ကိုကို့ လက်ထဲ၌ ကြွေခွက်ဖြူကလေးထဲ ရှင်သန်နေသော ဝါးပင်သေးသေးလေးတွေပါသည် ။" ကိုကို...''
" ရိပေါ့် အတွက် ကိုကို မျှစ်ခုတ်ရင်း ဒီဝါးပင်လေးတွေတွေ့လို့ ''
ထိုကြွေခွက်ဖြူလေးကို ရိပေါ်စီကမ်းပေးလာတဲ့ကိုကို ။
ရိပေါ် လက်မလှမ်းမိ ကိုကိုကမ်းပေးတဲ့ လက်ဖဝါးဆီက ပြတ်ရှရာ တစ်ချို့ကိုသာ ကြည့်နေမိရင်းရင်ထဲ နင့်နေအောင် နာကျင်မှုနဲ့အတူ ရိပေါ် အကျယ်ကြီးအော်ငိုချင်မိသည် ။ ဝဲတက်လာတဲ့ မျက်ရေနဲ့အတူ ရိပေါ့်မျက်ဝန်းတွေက ကိုကို့ဆီကြည့်မိတော့...
YOU ARE READING
Yizhan || Zhanyi ( One Shot Collection )
Fanfictionပျော်ရင်ပျော်ရမယ် ဒါမှမဟုတ်လည်း ငိုရလိမ့်မယ် ❣ ပျော်ရင်ပျော်ရမယ် ဒါမှမဟုတ်လည်း ငိုရလိမ့်မယ် ❣