A painful story - 3

862 80 11
                                    

ဆိုင်မှာ အရေးကြီးဧည့်သည်တွေ ညစာစားပွဲရှိသည်ဟု မှာကြားလာသော ဂျာကြီး စကားကြောင့် အကိုကောင်းယဲ့ နဲ့အတူ ဆိုင်အတွင်း နေရာပြင်ဆင်ပေးနေရသည် ။

" ရှောင်းကျန့် သွားနားရင်နားတော့လေ အကိုပဲ ဆက်လုပ်ထားတော့မယ် မင်းပင်ပန်းနေပြီ ''

" ရပါတယ်ဗျ.. ၊ အကိုတစ်ယောက်တည်း ဘယ်ဖြစ်မလဲလေ နှစ်ယောက်လုပ်တော့ ပိုပြီးမမြန်ဘူးလား ''

" ဟုတ်ပြီ ဒါဆိုလဲ အကိုတို့ မြန်မြန်လုပ်မယ် ၊ ဒါမှမင်းနားလို့ရမှာ ''

" ဟုတ်ကဲ့...၊ ပန်းကန်တွေ ချပြီး ဝိုင်ခွက်တွေ တင်ရုံပဲ ကျန်တော့တယ်အကို ၊ ဝိုင်ပုလင်းတွေကိုတော့ မမလုတို့ ယူလာလိမ့်မယ် ''

အနားယူခြင်းမရှိပဲ အလုပ်ဆက်တိုက်လုပ်နေသော ရှောင်းကျန့်အား အကိုကောင်းယဲ့က အရိပ်တကြည့်ကြည့် ပင်။ ထိုနေ့က ကားတစ်စီးနောက်ပြေးလိုက်သော ရှောင်းကျန့်ကို သူလည်းတွေ့လိုက်ပါ၏ ။ တစ်ယောက်သောသူအတွက် အားတင်းရှင်သန်နေသော ရှောင်းကျန့် ထိုအချိန် ငိုရှိုက်သံတွေကြားမသဲမကွဲ ရေရွတ်သော စကားသံလေးသည် '' ရိပေါ်.. ၊ ရိပေါ် ကျွန်တော့်အပေါ် ရက်စက်တယ် '' ဟူ၍ဖြစ်သည် ။

ယခုလည်း သာမန်ထက်တိတ်ဆိတ်သွားသော ကောင်လေးက ပြုံးနေပေမယ့်လည်း သူနာကျင်နေရသည်ကို ဖုံးကွယ်နိုင်ခြင်းမရှိခဲ့ပါ ။

အချိန်မနည်းကြာတော့ အရေးကြီးဧည့်သည်ဟူသော မိသားစုများဆိုင်ထဲသို့ရောက်ရှိလာကြသည် ။ မြင်ရုံနှင့်ပင် အဆင့်အတန်းမြင့်မားသော လူတန်းစားများဖြစ်ကြောင်းသိသာပါသည် ။

တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာချိန်၌ ရှောင်းကျန့်တို့ အလိုက်သတိ နောက်ဆုတ်ပေးရသည် ။

" အ့....''

" sorry....''

မတော်တဆ အနောက်ကလူနှင့်ဝင်တိုက်မိချိန် ထိုလူက ရှောင်းကျန့်ကိုမကြည့်ပဲ sorry ပြောကာ VIP စားသောက်ခန်းသို့ဝင်သွားသည် ။ တစ်ချက်လှည့်ကြည့်ခြင်းမရှိတဲ့ထိုလူရဲ့မျက်နှာအားအကြည့်ရောက်ချိန် ရှောင်းကျန့်ကမ္ဘာဟာ တတိယအကြိမ်မြောက် လှုပ်ခါသွားပြန်ပါသည် ။ ထိုနေရာ၌ မှင်သက်နေရင်းပင် ပြင်းထန်သောရင်ခုန်သံတွေနဲ့အတူ ရှောင်းကျန့်မျက်ဝန်းတွေက မျက်ရည်တွေကျဆင်းလာရ၏....။

Yizhan || Zhanyi ( One Shot Collection )Where stories live. Discover now