•••
[Zawgyi]သာယာနေတဲ့မနက်ခင်းတစ်ခုတွင်
နှစ်ထပ်တိုက်လေးအတွင်း၌။"သားရေ မထသေးဘူးလား
ကျောင်းနောက်ကျနေအုံးမယ်နော်"အအိပ်မက်သူပီပီရှောင်းကျန့်ကတော့
အိပ်ယာထဲတွင်လူးလှိမ့်နေလျက်
"မားမား ခဏလေးပဲ ၂မိနစ်""၂မိနစ်လဲမရဘူး ထတော့ကျန့်ကျန့်
ကျောင်းတက်တာဖြင့် နှစ်ဝက်ကျိုးတော့မယ်
အခုထိနှိုးရတုန်း"ရှောင်းရိမေတစ်ယောက်သူ၏တစ်ဦးတည်းသော
သားလေးအားပြောရင်းဖြင့် လိုက်ကာစအားဆွဲဖွင့်
လိုက်လေသည်။လိုက်ကာနောက်တွင်အလုအယက်ဝင်လာသာ
နေရောင်ရဲ့ခပ်စူးစူးအလင်းရောင်ဟာရှောင်းကျန့်
မျက်နှာနုနုပေါ်တိုက်ရိုက်ကျလေသည်။"အား မားရာထပြီထပြီ"
အိပ်ချင်မူးတူးဖြင့်စောင်ပုံထဲငုတ်တုတ်လေးထိုင်ကာ
ပြောနေသောကျန့်ကျန့်ကို ကြည့်ပြီးသဘောတကျ
ပြုံးမိသည်။သူမသားလေးကသိပ်သိပ်ချစ်ဖို့ကောင်း။"မားကျန့်ကျန့်လေးကချစ်ဖို့ကောင်းလိုက်တာ"
"မားမားကအခုမှသိတာလား"
"အမယ်လေး မွေးတည်းကသိပါတယ်တော်"
ရှောင်းကျန့်သူ့မားကိုပြုံး၍သာကြည့်နေမိသည်။
မားကသူ့အတွက်တစ်ယောက်တည်းသောမိသားစုဝင်။"အောက်မှာမား မနက်စာပြင်ထားတယ်
စားပြီးမှ ကျောင်းကိုသွားနော်""ဟုတ် ဒါနဲ့ မားဆိုင်သွားတော့မလို့လား"
အိပ်ယာခင်းတွေခေါက်ရင်းခေါင်းငြိမ့်ပြလာတဲ့မားကို
သူသနားမိပါသည်။အိမ်မှုကိစ္စအပြင်စီးပွားရေးကိုပါ
မားကအပြည့်အဝတာဝန်ယူထားသည်လေ။
ထိုသို့တာဝန်တွေယူထားလဲမားသည်
ရှောင်းကျန့်အပေါ်နွေးထွေးသောမေတ္တာပေး၏။
မားကရှောင်းကျန့်အပေါ်ပျက်ကွက်ဖူးတဲ့ကိစ္စမရှိပေ။"အခုရက်ပိုင်းကပွဲတွေများတော့
Order တွေများတယ်ကျန့်ကျန့်ရဲ့""သားလဲကူပေးချင်တယ်မား ဒါပေမယ့်.."
"ဘာမှ ဒါပေမဲ့မနေနဲ့ မားသားလေးက
စာကိုသာကြိုးစားဟုတ်ပြီလား"
YOU ARE READING
မင်းပျော်ရင် ...
Fanfictionမင်းကခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ နားလည်ရ ခက်လိုက်တာ 🥀Wang Yibo💟 ငါ့စိတ်ကိုမြင်အောင်ကြည့်မှ ငါ့ကိုနားလည်နိုင်မှာလေ 🥀Xiao Zhan💟 •[ YiZhan ]•