💔Part~10💔[Zawgyi/Uni]

690 71 15
                                    

>>>Zawgyi<<<

💔Part~10💔

Yb~ဟင်.!!!ကျန့်!!!

ကျတော်ဝင်လာတော့
ဧည့်ခန်းမှာထိုင်နေတဲ့ကျန့်!ကြည့်ရတာသူမအိပ်ရသေးပုံ
စိတ်နဲ့လူနဲ့မကပ်တဲ့ပုံပေါ်နေတဲ့ကျန့်က
ကျတော်ခေါ်လိုက်တော့..မော့ကြည့်လာတယ်လေ။

ကြည့်လာတဲ့သူ့မျက်ဝန်းတွေက
အထီးကျန်နေသလိုလို၊နာကျင်နေသလိုလို
ခန့်မှန်းရခက်လိုက်တဲ့သိပ်လှတဲ့မျက်ဝန်းတွေ..

Xz~ရိပေါ်ပြန်လာပြီလား..

Yb~အင်းငါ..ငါ..
(ဘာပြောရမလဲ ကျစ်!)

Xz~..........
(ပြောပါရိပေါ် မင်းနှုတ်ကထွက်လာတဲ့စကားမှန်သမျှကို
ငါကမျက်လုံးစုံမှိတ်ယုံပေးမှာမို့ မင်းကဖြေရှင်းချက်လေး
တစ်ခုပဲငါ့ကိုပေးပါ...)

Yb~ငါမေ့သွားတယ်..
(မတိကျတဲ့ဖြေရှင်းချက်တခုကိုဒီတိုင်းလေးပဲထားပြီး
အကြောင်းအရင်းတော့ထပ်မမေးပါနဲ့ကျန့်ရယ်..
မင်းပဲနာကျင်ရမှာမို့..)

Xz~ အင်း.

(ရှောင်းကျန့်ရယ်မင်းကသိပ်စိတ်ကူးယဉ်တာပဲ
စိတ်ကိုပြင်ဆင်ထားပေမယ့်လဲ နှလုံးသားက
သံချွန်တခုရိုက်သွင်းခံနေရသလို တဆစ်ဆစ်နဲ့
စူးပြီး နာကျင်လိုက်တာ...သို့ပေမယ့်လဲ!
မင်းဘာများတတ်နိုင်လို့လဲ ?
ဟင့်အင် မင်းဘာမှတတ်နိင်ပါဘူး...
မင်းကချစ်နေမိသူလေ...)

Ybကြောင်အသွားမိသည်။သူထင်တာသူ့ကို
အကြောင်းပြချက်မမေးရင်တောင်
စိတ်တိုတာတို့ စိတ်ဆိုးစိတ်ကောက်တာမျိုးတော့
ရှိလိမ့်မယ်လို့လေ ဒါပေမယ့်ကျန့်က"အင်း"တဲ့!!
မမေးတော့ဘူးလား?

ကျစ်.!!ဝမ်ရိပေါ်မင်းဘာဖြစ်နေတာလဲ!
ကျန့်မေးလဲမင်းမှာဖြေစရာအဖြေမှမရှိတာ ဟင်းး
ဒါပေမယ့်ဘာလို့ကျန့်ရဲ့စကားလုံးတလုံးက
ငါ့ကိုအနေခက်စေတာလဲ?မဟုတ်ဘူးရင်ထဲ
တခုခုစို့နစ်သွားသလို တင်းကြပ်ကြပ်နဲ့!!!

Yb~ကျန့်မအိပ်သေးပဲဘာလို့စောင့်နေတာလဲ

Xz~ငါ....လက်မှတ်ထိုးဖို့..

Xzစိုက်ကြည့်နေရာကို ကြည့်လိုက်တော့
စားပွဲပေါ်မှာအရာမယွင်းတဲ့လက်ထပ်စာချုပ်!

မင်းပျော်​ရင်​ ...Where stories live. Discover now