အပိုင်း(၂)

4 0 0
                                    

Scroll down for Unicode version


ဒီနေ့က စနေနေ့
သာမန်ကျောင်းသူကျောင်းသားတွေအတွက်တော့ ဒီလိုပိတ်ရက်မျိုးဆို ပျော်ကြပေမဲ့ ကျွန်တော်အတွက်ကတော့ ပျော်စရာမကောင်းဘူး ။ ဘာလို့လဲဆိုတော့ ပိတ်ရက်ဆို အချိန်ပိုင်းအလုပ်တွေလုပ်ဖို့ ပြေးလွှားနေရတာ သေမလိုပင်ပန်းလို့ပဲ ။ မိဘတွေဆုံးပါးသွားတည်းက ကျောင်းစရိတ်နဲ့ နေထိုင်စားသောက်စရိတ်ကို ကိုယ်တိုင်ရှာနေရတဲ့ ကျွန်တော့်အတွက်တော့ နေသားကျသင့်သလောက်ကျနေပါပြီ ။

" သူဌေး .... လိုက်ပို့စရာ ဒါအကုန်ပဲလား ? "

" ဟုတ်တယ် Won-bin....အဲ့ဒါပို့ပြီးရင် မင်း အလုပ်ဆင်းလို့ရပြီ"

" ဟုတ်ကဲ့ သူဌေး "

အလုပ်ဆင်းဖို့ဆိုပြီး နာရီကိုကြည့်လိုက်တော့ ၉ နာရီ ...

နောက်ကျနေပြီပဲ ..... အိမ်မြန်မြန်ပြန်ရမယ်

playlist ထဲက သီချင်းတစ်ပုဒ်ကိုဖွင့် ၊ နားကြပ်တပ်ရင်း မြန်မြန်လမ်းလျှောက်လာခဲ့တယ် ။

လျှောက်သွားနေရင်း တစ်နေရာကိုကြည့်လိုက်တော့ ခပ်သုတ်သုတ်သွားနေတဲ့ ကောင်လေးတစ်ယောက် ။ သေချာကြည့်တော့ မနေ့က သူ့ကို ဝင်တိုက်သွားတဲ့ကောင်လေးဖြစ်နေတယ် ။ ကောင်လေးကတော့ သူ့ကိုမြင်တဲ့ပုံမပေါ်....

အဲ့ဒါထက် ကောင်လေးရဲ့နောက်က လိုက်နေတဲ့ အရိပ်ကြီးက ဘာပါလိမ့် ? အရိပ်ကြီးက အဲ့လိုပဲ တစ်ချိန်လုံးလိုက်နေတာလား ??? ထားပါလေ .... ဒါ ငါ့ကိစ္စမှမဟုတ်တာ

ရုတ်တရတ် .....

' တီ တီ တီ တီ ´

ကားဟွန်းတီးသံကိုကြားလို့ လမ်းမဘက်ကိုကြည့်လိုက်တော့ ကောင်လေးက လမ်းကူးနေတယ် ။

' ဒီလောက် ဟွန်းတီးနေတာကို သူကလည်းမကြားဘူးလားဟ .... သေကုန်တော့မှာပဲ '

မျက်နှာပေါ်ကို ကျလာတဲ့အလင်းရောင်ကြောင့်လှည့်ကြည့်လိုက်တော့ ကားတစ်စီးက သူ့ဆီကိုတည့်တည့်ကြီးဝင်လာနေတယ် ။ သူသေတော့မှာလား ????

မျက်လုံးတွေကိုတော့မှိတ်ထားလျက်.....

ခဏအကြာ မျက်လုံးတွေကိုဖွင့်လိုက်တော့ လမ်းမရဲ့ဘေးကို ကျွန်တော်ရောက်နေတယ် ။

Always be with youWhere stories live. Discover now