Scroll down for Unicode version
တစ်နေ့ပြီးတစ်နေ့ အချိန်တွေကုန်လာလိုက်တာ စာမေးပွဲဖြေဖို့ တစ်ပါတ်လောက်ပဲလိုတော့တယ် ။ စာမေးပွဲဖြေဖို့ သိပ်မလိုတော့တာကြောင့် အချိန်ပိုင်းအလုပ်တချို့ကိုလည်း နားထားတယ် ....
တစ်နေကုန် စာလုပ်နေရတာကြောင့် နုံးချိနေတာနဲ့ လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ် ။
" ဘယ်သွားမလို့လဲ ? "
" ခဏလောက် လမ်းသွားလျှောက်မလို့ ။ အတူတူသွားမလား ? "
.............
" စာမေးပွဲအတွက် စာသေချာလုပ်နေရဲ့လား ? စာမေးပွဲနီးနေပြီဆို"
" ဒီလိုပါပဲ ..... ဦးရော ဟိုကိစ္စစုံစမ်းတာ အဆင်ပြေရဲ့လား ? "
" စုံတော့ စုံစမ်းနေပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ကိစ္စဆိုတော့ သိပ်တော့မလွယ်ဘူး ။ အဲဒီနှစ်က လူအသေအပျောက် အရမ်းများတော့ "
" အကယ်လို့လေ အဲဒီ ဝိဉာဉ်ကိုပြန်တွေ့ရင် ဘာလုပ်မှာလဲဟင်? "
" သူက အခုချိန်ထိ ဝိဉာဉ်အနေနဲ့ရှိနေရင်တော့ ထိန်းသိမ်းပြီး သူနဲ့သင့်တော်တဲ့နေရာကို ပို့ပေးရုံပဲ ။ သူသာ အကယ်လို့ လူဖြစ်နေတယ်ဆိုရင် ..... သူက သေရမှာ ။ နဂိုတည်းက သေရမယ်လို့ ကံကြမ္မာက သတ်မှတ်ပြီးသား ၊ သေဆုံးမှုမှတ်တမ်းမှာ အမှားအယွင်းဖြစ်သွားလို့သာ "
" သူက လူပဲဖြစ်ဖြစ် ဝိဉာဉ်ပဲဖြစ်ဖြစ် သနားဖို့ကောင်းလိုက်တာ ..."
ကောင်လေးက ရုပ်ကလေးနဲ့လိုက်အောင် စိတ်ထားနူးညံ့တာပဲ ...
" စိတ်မကောင်းဖြစ်သွားတာလား ? ဟားဟား .... မင်းက တအားစိတ်နူးညံ့တာကိုး ။ သေမင်းတမန်တွေက ဒါမျိုးကိစ္စတွေမရေမတွက်နိုင်အောင်ကြုံဖူးတယ် "
" ဒါနဲ့လေ မိုးရွာမှာလားမသိဘူး ။ ကျွန်တော်တို့ပြန်ကြရအောင် "
" ကောင်းပြီလေ .... "
........
" တော်သေးတယ် ။ ကျွန်တော်တို့အိမ်ကို မြန်မြန်ပြန်ရောက်လို့ ။ မဟုတ်ရင်မိုးမိမှာ "
" ဟုတ်ပါရဲ့ .... မိုးကလည်း ဘာလို့သည်းနေတာလဲမသိဘူး ? မုန်တိုင်းများရှိတာလား ? "
ESTÁS LEYENDO
Always be with you
Fanficမင်းကို လိုက်ရှာမယ်.... မင်း ဘယ်နေရာပဲရောက်ရောက် ၊ မင်းရဲ့ ပုံစံတွေဘယ်လိုပဲပြောင်းပြောင်း .... ဆည်းဆာချိန်ပေါင်းများစွာ ကုန်လွန်ပါစေ .... ဦး မင်းကို အမြဲမှတ်မိနေပါ့မယ် ကောင်လေးရေ .... မင်းကို လိုက်ရှာမယ်.... မင်း ဘယ်နေရာပဲရောက်ရောက် ၊ မင်းရဲ့ ပုံစံ...