အပိုင်း(၈)

2 0 0
                                    

Scroll down for Unicode version

မနက် ၈ နာရီတောင်ထိုးနေပြီ ။ ဒီကောင်လေး မထသေးဘူးလား .... ပြောတော့ ကျောင်းသွားရမယ်ဆိုပြီး

အဲဒီအချိန်မှာပဲ အခန်းတံခါးကိုဖွင့်ပြီးထွက်လာတဲ့ကောင်လေး ..

" ဦး...ကျွန်တော် ဘယ်လိုနေလဲ ? "

ကျွန်တော်ကြည့်လိုက်တော့....
အရင်နေ့တွေကနဲ့မတူ တမူထူးခြားစွာကြည့်လို့ကောင်းနေတဲ့ ကောင်လေး ။ အမြဲတမ်းချထားနေကျ ဆံပင်ကို အပေါ်ကိုသပ်တင်ထားပြီး တပ်နေကျမျက်မှန်ကို မတပ်ထားတော့ ကောင်လေးရဲ့မျက်နှာဟာ ပေါ်လွင်နေတယ် ။ အရင်နေ့တွေကတော့ ကလေးဆန်ဆန်ချစ်ဖို့ကောင်းနေပေမဲ့ ဒီနေ့တော့ လူကြီးဆန်ဆန်ချောမောနေပြန်တယ် ....

" ဦး .... ကျွန်တော်ဘယ်လိုနေလဲလို့ ၊ ဘာလဲ ။ ကျွန်တော့်ပုံစံက ထူးဆန်းနေလို့လား ???  "

" မဟုတ်ဘူး ။ ကြည့်လို့ကောင်းတယ် ။ ဒါနဲ့ မျက်မှန်မပါတော့ မြင်ရောမြင်ရရဲ့လား ? "

" မျက်ကပ်မှန်တပ်ထားတယ်လေ ဦးရဲ့ ။  ဒါဆို ကျွန်တော်သွားတော့မယ်နော် ။ နောက်ကျနေမှာစိုးလို့ .... "

" အင်း ..... "
............

ဒီနေ့ ကျောင်းကိုလာရတာ နောက်ဆုံးပါလား ?? ဘာလို့မှန်းမသိ ဝမ်းနည်းလိုက်တာ ၊ ခင်မင်စရာသူငယ်ချင်းတွေလည်းမရှိပေမဲ့ ကျောင်းကြီးကိုတော့ သံယောဇဉ်တွယ်နေမိတယ်ထင်တယ် ....

" ဟိတ် ဘာတွေစဉ်းစားနေတာလဲ ? "

" ဒီလိုပါပဲ ..."

" ငါတော့ မင်းကို သတိရနေတော့မှာပဲ ။ မင်းက အထက်တန်းပြီးသွားပြီဆိုတော့ ကျောင်းကိုလာတော့မှာမဟုတ်ဘူးနော် .... ငါတစ်ယောက်ပဲ ကျန်ခဲ့တော့မှာပဲ "

" ငါလည်း မင်းကို သတိရနေမှာပါ ။ ဒီကျောင်းမှာရှိနေခဲ့တဲ့တစ်လျှောက်လုံး မင်းတစ်ယောက်ပဲ ငါ့သူငယ်ချင်းအဖြစ်ရှိနေပေးခဲ့တာဆိုတော့ .... "

" ငါသာ အသက်ရှင်နေသေးရင် မင်းနဲ့အတူတူ ဒီပွဲကိုတက်လို့ရမှာ ..... "

" အင်းပါကွာ .... ငါ့လိုမျိုး မင်းကိုမြင်နိုင်တဲ့လူပေါ်လာမှာပါ "

Always be with youDonde viven las historias. Descúbrelo ahora