5K 1.1K 26
Unicode 🍁🍁
ဒုန်း!!!
ရွှီယမ်ယိကုတင်ပေါ်သို့ပြင်းထန်စွာပစ်တင်ခံလိုက်ရသည်။ယမ်ယိ မူးနောက်နောက်ဖြစ်သွားပြီ သူ့နားသို့ ချဉ်းကပ်လာသော ခန္ဓာကိုယ်ခပ်တောင့်တောင့်နှင့် ထိုသူ့အား မျက်လုံးတို့ အားယူကာ ကြည့်လိုက်သည်။
'ဒီလူ ဘာဖြစ်ချင်နေတာလဲ.... လက်ထပ်ပွဲပြီးပြီးချင်း သတို့သမီးကို ချီပြီး အမြန်ထွက်သွားရအောင်??'
လွန်ခဲ့သော နာရီဝက်ခန့်က.. ဟယ်ကျင်းရန် ရွှီယမ်ယိအား မချီကာ မင်္ဂလာခန်းမသို့သွားပြီး ဘုန်းတော်ကြီးအား မင်္ဂလာကတိပြုခြင်းကို အမြန် ပြောရန် အမိန့်ပေးကာ လက်ထပ်လက်စွပ်တို့အား ချက်ချင်းလဲလှယ်လိုက်ကြသည်။ ဘယ်သူမှ အခြေအနေအား သတိမထားမိလိုက်ချိန်မှာတင် ဟယ်ကျင်းရန် ရွှီယမ်ယိကို သူ့လက်မောင်းကြားထဲ ပွေ့ချီလိုက်ကာ ခန်းမထဲမှာထွက်လာပြီး အပြင်ဘက်တွင်စောင့်နေသော ဟယ်လီကော်ပတာဖြင့် ဟယ် စံအိမ်သို့ ထွက်သွားလိုက်သည်။
(နင်ဟာ လက်သွက်ခြေသွက်ရိှလွန်းတာဟာ🤣)
ရွှီယမ်ယိ စိတ်သက်သာရာ မရခင်မှာတင် ဟယ်ကျင်းရန်ရဲ့ အခန်းထဲသို့ ခေါ်ဆောင်ခြင်းခံလိုက်ရပြီး ဟယ်ကျင်းရန်က သူ့ ဝတ်စုံအား ဆွဲချွတ်ရန် ပြင်လိုက်သည်။
ရွှီယမ်ယိ မျက်လုံးများပြူးကျယ်လာသည်။ သူ အသံတိတ်မနေနိုင်တော့ မဟုတ်ရင် သူ ယောက်ျားတစ်ယောက်နဲ့ sex လုပ်ခြင်းဖြင့်သာ ပြီးဆုံးသွားလိမ့်မည်။
"မကောင်းတဲ့ကောင်... ငါ့ကိုလွှတ်.. မင်းလက်တွေ ပြန်ရုတ်စမ်း"
ရွှီယမ်ယိ သူ့လက်တို့အား ရိုက်ချကာ ဒေါသထွက်စွာပြောလိုက်သည်။
မင်္ဂလာဉီးရန်ပြင်နေသော ဟယ်ကျင်းရန်သည် အလှလေးဆီမှ ကြည်လင်ပြတ်သားသော ယောက်ျားတစ်ယောက်၏ အသံကြောင့် အံ့သြစွာဖြင့် မျက်ခုံးပင့်မိသည်။
"မင်းက ဆွံ့အနေတဲ့သူမဟုတ်ဘူးပေါ့"
'အခုကျတော့လည်း ငါ့သတို့သမီးလေးက Tomboy လေးနဲ့ တူသားပဲ.. သူ့ရဲ့လှပမှုတွေနဲ့ နူးညံ့တဲ့ ပုံစံလေးကိုအသာထားလိုက်ရင် သူ့အသံက တကယ့်ယောက်ျားလေးအတိုင်းပဲ ဒါပေမဲ့ ကြည်လင်ပြတ်သားပြီး တကယ့်အစစ်အမှန်အတိုင်းပဲ'
စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို့သားလေး(ခေတ္တရပ်နား)Where stories live. Discover now