Chapter-29(စိတ်မသိုးမသန့်ဖြစ်ခြင်း)

4.1K 591 13
                                    

Unicode ❤️❤️

စိတ်မသိုးမသန့်ဖြစ်ခြင်း

ဆေးပေးခန်းမှ ထွက်လာပြီး မကြာခင်မှာတွင် ရွှီယမ်ယိရဲ့ အော်သံကိုကြားလိုက်သည်။
"ဗိုလ်မှူးက အခု ခွဲစိတ်ခန်းဝင်နေတယ်" လုံရှန် က ပြောလိုက်သည်။ ထို့နောက် ဘေးတွင် ရပ်နေသော ကျီကွမ်းမင်အား အမိန့်ပေးလိုက်သည်။
"ဗိုလ်မှူးက သူ့ဇနီးကို နေ့တိုင်း စောင့်ရှောက်ပေးဖို့ အမိန့်ပေးထားတယ်"

"ကျွန်တော်?"  ကျီကွမ်းမင် သူ့ကိုယ်သူ လက်ညိုးထိုးပြီး စိတ်ရှုပ်ထွေးစွာပြန်မေးလိုက်သည်။ ဗိုလ်မှူး ဇနီးအား စောင့်ရှောက်ပေးရမည့်ကိစ္စကို သူ ငြင်းဆိုပြီး ခိုင်မာသော ​အကြောင်းပြချက်ကိုလည်း ဗိုလ်မှူးကို ပြောပြပြီးသားဖြစ်တာကြောင့် သူ ဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ခဲ့မိပေ။

"မင်းမဟုတ်လို့ ငါဖြစ်ရမှာလား?"  လုံရှန်က ကျီကွမ်းမင်အား တွန်းအားပေးသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ကျီကွမ်းမင်လည်း ကြောက်ရွ့ံသွားတာကြောင့် အလျင်အမြန်ပင် သူ အရိုအသေပေးလိုက်ပြီး
"ဟုတ်ကဲ့ပါ ဒုဗိုလ်မှူး"

သို့သော္လည်း တခြားလူတွေကတော့ သူ့ရဲ့ တာဝန်အပေါ် မနာလိုဖြစ်ကြသည်။

"ကျီကွမ်းမင်.. မင်းကတော့ တကယ်ကံကောင်းတဲ့ကောင်ပဲ! ငါတို့ ဗိုလ်မှူးရဲ့ ဇနီးကို စောင့်ရှောက်ပေးနိုင်တဲ့ ကံပါလာတာပဲ"

"ဟုတ်တယ်...ငါတော့ မင်းကို အားကျတယ်ကွာ.. ကံကောင်းတဲ့ ခွေးလေးပဲ"

"ဘာလို့ ငါမဖြစ်ရတာလဲ!"

"ငါတကယ် မနာလိုတယ်ကွာ"

အားလုံးက ကျီကွမ်းမင်ကို အားကျနေကြသော်လည်း ကျီကွမ်းမင်ကတော့ ခေါင်းမာသူပီပီ အကူအညီမဲ့သောပုံစံဖြင့်
"ဖြစ်နိုင်ရင် ငါ့ရဲ့ တာဝန်ကို မင်းတို့ကောင်တွေကိုသာ ငါပေးလိုက်ချင်တယ်"

'ငါက ယောက်ျားလေးတစ်ယောက်လေ.. တခြားလူတစ်ယောက်ရဲ့ ဇနီးကို စောင့်ရှောက်ပေးဖို့ဆိုတာ မသင့်လျော်ဘူး'

ကျီကွမ်းမင် စိတ်ထဲတွင် တွေးနေတဲ့အချိန်မှာ တခြားလူတွေကတော့ သူပြောလိုက်တဲ့စကားအားကြာပြီးနောက် သူ့အား သတ်ပစ်ချင်စိတ်တို့ကို ဖိနှိပ်ကာ သူ့အား စတင် ဆူငေါက်ကြတော့သည်။

စစ်အရာရိှဟယ်ရဲ့အစားထိုးခံသတို့သားလေး(ခေတ္တရပ်နား)Where stories live. Discover now