ခမည်းတော်ကပြောတယ်
အချစ်ဆိုတာ
ရယူခြင်းလည်းမဟုတ်သလိုပေးဆပ်ခြင်းလည်းမဟုတ်ဘူးတဲ့
တစ်ခါတစ်လေရယူသင့်ရင်ရယူရသလိုပေးဆပ်သင့်ရင်လည်းပေးဆပ်ရတယ်တဲ့
တစ်ခါတစ်လေကျတော့လည်းအိပ်ပျော်နေတုန်းရယူသင့်တာတွေရယူတက်ရမယ်တဲ့....(စလာတည်းကကလေးကိုဘာတွေသင်ထားတာလဲအရှင်ရေ)ပါပါးကတော့ပြောတယ်
အချစ်ဆိုတာအိပ်ပျော်နေတုန်းပေးဆပ်လိုက်ရတာတဲ့...အယ့်ဒီ့ပေးဆပ်ခြင်းကနေမှတစ်ဆင့်ထာဝရအတွက်အချစ်ဖြစ်လာတာတဲ့......ကျွန်တော့်အတွက်တော့အချစ်ဆိုတာသူရောကိုယ်ရောမူးနေတုန်းလူမှားပြီးတူတူနေမိပြီးမှလူမှားနေမှန်းသိသွားတဲ့အချိန်လူမိသွားတာပဲ......ဘဝကြီးကအစစအရာရာရိုးရှင်းနေရာကနေသူနဲ့တွေ့မှရှုပ်ရှက်ခတ်ကုန်တာရာဇဝင်ရိုင်းလိုက်တာ.....ကျွန်တော့်ရဲ့နှစ်၅၀၀ကျော်သက်တမ်းမှာကျွန်တော်ကရှုပ်ခဲ့တာပဲရှိတယ် ......ခုကတော့အရှုပ်ခံရတဲ့သူကကျွန်တော်ဖြစ်နေတာလက်သင့်မခံချင်စရာပဲ....ရာဇဝင်ရိုင်းလေစွ......အယ့်ဒီ့လိုနဲ့ပဲကျွန်တော့်အတွက်အချစ်ဆိုတာမူးနေတုန်းအရယူခြင်းဖြစ်သလိုပေးဆပ်ခြင်းဖြစ်ပြီးပါးပါးပြောသလိုတော့အယ့်ဒီ့ပေးဆပ်ရယူခြင်းကထာဝရမတည်တံ့နိုင်ပါဘူးလေ....ဒါဟာမတော်တဆမို့လို့.....
Lamborghini ကားအပြာရောင်လွင်လွင်လေးသည်high wayလမ်းတစ်လျှောက်အရှိန်ဖြင့်လွတ်လပ်ပေါ့ပါးစွာပြေးနှင်လို့နေသည်.........
"တီ...တီ...."ပေါ့ပါးစွာနှင်နေသောထိုကားလေးနောက်မှနောက်ထပ်ရွှေရောင်လေးတစ်စီးသည်ဟွန်းတရစပ်တီးကာပါလာလေသည်.......
"ကျစ်...."ကားအပြာလေးသည်လမ်းလယ်ခေါင်တင်တွင်ရပ်လိုက်လေသည်...ဘေးကပ်ရပ်စရာမလိုပါ...ဒီလမ်းတစ်လမ်းလုံးကို၂နာရီအတွင်းသူပိုင်တာမို့လို့....
ကားအပြာလေးရပ်သွားတာနဲ့နောက်မှရွှေရောင်ကားထဲမှနက်မှောင်နေသောဆံပင်အရှည်ကောက်ကောက်လေးနှင့်အားကစားဝတ်စုံဝမ်းဆက်လေးဝတ်ဆင်ထားသောအသက်၂၀ကျော်အရွယ်မိန်းမလှလေးတစ်ဦးသည်ကျော့မော့စွာဆင်းလာလေသည်......ပန်းသွေးရောင်နှုတ်ခမ်းပါးလေးတွေကနှစ်ချိုက်စွာပြုံးလို့ပါးမို့မို့လေးတွေကဖောင်းတက်လို့ဆံနွယ်လေးတွေကနဖူးပေါ်မှာဟိုတစ်စသည်တစ်စနှင့်ဝဲကျလျက်..ကားအပြာလေးနားလျှောက်သွားကာမှန်လေးကိုခေါက်လိုက်တော့အထဲမှလက်တစ်ချောင်းထွက်လာလေသည်....လက်ဆိုတာလက်ခလယ်ပေါ့.....