Alexအတွေးများနေတုန်းအပေါ်မှတက်ကြွသောခြေလှမ်းများနှင့်ပြန်ဆင်းလာသောသူသည်သူ့အားနှုတ်ဆက်ကာပြန်ထွက်သွားလေသည်... ခြေလှမ်းတွေကသွက်လက်နေလိုက်ပုံများ...2020 modelကရုပ်ဆိုးလို့ဆိုကာ2018ထုတ်lamborghiniကားအပြာရောင်လေးကိုသာနှစ်ခြိုက်စွာစီးသောသူသည်သူ့ခေါ်သလိုသူ့စီးတော်ကားလေးပေါ်သို့ကော့ကျော့စွာတက်သွားသည်ထိမျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်...အမူအရာတစ်ခုစီတိုင်းခြေလှမ်းလှမ်းပုံတိုင်းကိုမှတ်သားမိရင်းပေါ့......သသူ့ချစ်သူနှင့်သွားတွေ့မည်ဆိုသောအသိ၊သူ့ချစ်သူကမိမိ၏အမဖြစ်သူဆိုတဲ့အသိဟာတင်းတင်းကျပ်ကျပ်နဲ့အသက်ရှုရခက်စေသည်အထိ........ဝမ်းနည်းမိတာတော့အမှန်ပဲပေါ့....သို့သော်Alexဆိုတဲ့သူဟာဝမ်းနည်းလွန်းလို့စိတ်ဓါတ်တွေကျနေပြီးထိုင်ဆွေးနေမယ့်သူတော့မဟုတ်၊ဘာကြောင့်ဆိုတော့ဒီထက်ခါးသီးပြင်းထန်တဲ့ရက်စက်မှုတွေခံခဲ့ဖူးပြီးလို့...တစ်စုံတစ်ယောက်နဲ့ယှဥ်ရင်အမြဲထားရစ်ခံခဲ့ရတဲ့ကိုယ့်အဖြစ်ကိုထူးပြီးဝမ်းမနည်းနေတော့.....ရောင့်ရဲ့နိုင်ရမယ်တစ်နှစ်လောက်တူတူရှိခွင့်ရရုံနဲ့တင်......
ထို့နောက်လေကိုဝဝကြီးရှုသွင်းလိုက်ကာစိတ်ဖိစီးမှုတွေပါသွားအောင်မှုတ်ထုတ်ပစ်လိုက်သည်...ပြီးနောက်မိမိမှုပိုင်အပြုံးလေးကိုဆင်မြန်းလျက်...ကျောင်းသွားရန်ပြင်ဆင်လိုက်လေသည်...အသက်၂၅နှစ်မှာကျောင်းတက်နေသေးတာရှက်စရာတစ်ခုတော့မဟုတ်ပေမယ့်လည်းသူကတော့အားငယ်မိပါရဲ့.......ဒီအရွယ်ရောက်မှတက္ကသိုလ်တက်နေရခြင်းအတွက်ဘယ်သူ့ကိုအပြစ်တင်ရမလဲလဲမသိတော့ပါ.....
အတွေးစတွေကိုဖြတ်ကာသူလည်းကျောင်းသွားလိုက်လေတော့သည်.....
"ယဲ့....."
"အင်း..အန်ချန်းရောက်ပြီလား...ထိုင်ယဲ့Juiceမှာပေးထားတယ်"
"Okဗျာ..."
"ကဲပြောပါဦးယဲ့မရှိတဲ့အတောအတွင်းဘယ်လောက်တောင်ရှုပ်ထားခဲ့လဲ....."
"မရှုပ်ရပါဘူးဗျာ..."
"အယ့်လိုဆိုအန်ချန်းဘယ်ဟုတ်တော့မလဲ"