တစ်ညလုံးနှစ်ခြိုက်စွာအိပ်ထားသောကောင်ငယ်လေးသည်မိုးလင်းချိန်တွင်တော့ကြည်လင်သောမျက်နှာလေးနှင့်နိုးထလာလေသည်....နိုးသော်လည်းလှုပ်မရသောခန္ဓာကိုယ်ကြောင့်ကြည့်မိစဥ်မိမိမှာပက်လက်အနေအထားလေးနှင့်ဖြစ်နေ၍ခြေထောက်လေးချောင်းလက်လေးချောင်းမှာခန္ဓာကိုယ်ပေါ်တွင်တင်းကျပ်စွာ.......မိမိအားဖြစ်ညှစ်ပြီးဖက်ထားကြသောသကောင့်သားနှစ်ကောင်မှာတော့လှုပ်လို့တောင်မရနှစ်ခြိုက်စွာအိပ်နေတုန်းပင်........မိမိဘေးတစ်ဖက်တစ်ချက်စီတွင်နီးကပ်နေသောမျက်နှာနှစ်ခုကိုမှဘက်လိုက်စွာတယုတယကြည့်မိသည့်မျက်နှာကမိမိချစ်ရသူလေး၏မျက်နှာ.....အိပ်နေတာကြောင့်အနည်းငယ်ဟနေသောပါးစပ်လေးကလည်းဆွဲဆောင်မှုရှိလျက်...ပိတ်ထားသောမျက်လူံးရှည်ရှည်လေးကလည်းဆွဲဆောင်လျက်....နှာခေါင်းချွန်လေးတစ်လျှောက်လက်လေးနဲ့ဆွဲကြည့်ချင်လိုက်တာ......ဖျက်ကနဲပွင့်လာသောမျက်လုံးကြောင့်အနေရခက်စွာခေါင်းကိုလွှဲမိတော့မေးဖျားမှကိုင်ကာချက်ချင်းပြန်လှည့်လေသည်..
"ဘာ...ဘာလုပ်တာလဲ..."
"လူကိုခိုးကြည့်နေတာလား...."
"ဖြစ်စရာလား....မင်းခြေထောက်ကြီးငါ့ပေါ်တင်ထားလို့နှိုးမလို့.....ဖယ်...ဖယ်ပေး...အသက်ရှုကျပ်တယ်..."ဟုပြောမှကြည့်မိတော့မိမိခြေထောက်တွေလက်တွေကသူ့ကိုယ်လုံးလေးပေါ်မှာ....ဒေ့ဗ်လည်းထိုနည်းလည်းကောင်းပင်.......
မိမိ၏ခြေထောက်တွေလက်တွေကိုပြန်ရုတ်ပေးလိုက်ကာဒေ့ဗ့်ကိုပါနှိုးပြီးဖယ်ပေးမည်အလုပ်လှမ်းတားလိုက်သောလက်လေးတစ်စုံကြောင့်အလိုမကျမိ.....
"မနှိုးနဲ့ထားလိုက်"
"မင်းလေးနေမယ်လေ..."
"ရတယ်အိပ်ပါစေ..."
"ကျစ်..."သူ့ကိုကျတော့တကူးတကတောင်နှိုးပြီးဖယ်ခိုင်းပြီးတော့ဒေ့ဗ်ကိုကျတော့နိုးမှာတောင်မလိုလားသောကောင်လေးကြောင့်စိတ်ထဲလုံးဝအလိုမကျမိ.....