"ဖြန်း!"
"ယဲ့..!"
"ယဲ့ယဲ့..!"ယဲ့၏လက်သည်အားဖြင့်လွှဲ၍အဲလက်စ်အားရိုက်လိုက်လေသည်.....
"ဘာလို့ဒီလိုလုပ်ရက်ရတာလဲ...ဘာလို့လဲ...ဘာလို့ငါချစ်တဲ့သူကိုမှ"
"မမ ကျွန်တော်တောင်းပန်ပါတယ်...."
"တောင်းပန်တယ်ဟုတ်လား...ငါ့ကိုလိမ်ပြီးငါ့ရည်းစားကိုလပ်ထပ်ပြီးငါ့ကိုတောင်းပန်တယ်...ပြီးသွားရောလား..."
"ယဲ့ကိုယ်တို့ကမတော်တဆဖြစ်တာပါ..."
"မတော်တဆ..ဟုတ်လား...."
"ဟုတ်တယ်...မထင်မှတ်ဘဲ..."
"တော်စမ်းပါ...ဒီမှာအန်ချန်းနင်သူ့က်ုမေးကြည့်စမ်းပါတကယ်ပဲမတော်တဆလား...အစထဲကကြံစည်ထားတာလားဆိုတာ"
ယဲ့၏စကားကြောင့်အကုန်လုံး၏အကြည့်များသည်အဲလက်စ်ထံသို့
"ဖြေလိုက်လေ....နင်အန်ချန်းကိုငါ့အစားသွားတွေ့ပြီးထဲကကြိုက်သွားခဲ့တာမလား"
"ယဲ့အစားတွေ့တယ်?"
"ဖြေလေလို့ဖြေလိုက်စမ်းပါ...."
"ဟုတ်တယ်!..ငါတမင်လုပ်ခဲ့တာ...သူ့ကိုငါချစ်လို့ပိုင်ဆိုင်ချင်လို့...ခုတော့ပြီးပြီ..မမလည်းသိသွားပြီပဲ..သူ့ကိုလည်းပိုင်ဆိုင်ပြီးပြီပဲ....အကုန်လုံးကကျွန်တော့်အမှားပဲ...ကျွန်တော်ပဲအကုန်စီစဥ်ခဲ့တာ...."
"အဲလက်စ်..မင်း!"
"ဟုတ်တယ်..ငါ..ငါကအယ့်လိုလူပဲ...အယ့်တာကြောင့်ကွာရှင်းရအောင်...မမကိုလည်းတောင်းပန်ပါတယ်...."
"မင်း...ကျစ်....ထွက်သွား..!!"
"ထွက်သွား!!"အဲလက်စ်၏စကားအဆုံး၌အန်ချန်းနှင့်ယဲ့၏ထွက်သွားဆိုသောအသံများမှာတစ်ပြိုင်နက်ထွက်လာလေသည်........ထိုအခါမျက်ရည်များနှင့်မျက်လုံးတစ်စုံသည်သူတို့အားကြည့်လျက်နှုတ်ခမ်းတစ်ဖက်ကော့တက်ရုံမျှပြုံးကာထွက်သွားလေသောအဲလက်စ်....မြင်ကွင်းမှပျောက်ကွယ်သွားသည့်တိုင်မည်သူမျှတားခြင်းမပြုခဲ့ကြ......."ဟင်...ယဲ့ယဲ့...နင်အဲလက်စ်ကိုထွက်သွားလို့ပြောလိုက်တယ်... "တစ်စုံတစ်ခုကိုသတိရသွားသည့်နှယ်အလန့်တကြားပြောလာသောဒေ့ဗ်......