အလင်းငယ် ဘတ်စ်စကားလာတော့ မြန်မြန်ပဲတတ်လိုက်တယ် ဟိုအကောင်ပေါက်လေးနဲ့ ဝေးလေကောင်းလေပဲ.......
အလင်းငယ် ဟိုအကောင်ပေါက်လေး မပါဘူးအထင်နဲ့ စိတ်ချလက်ချ နဲ့ ဟိုးနောက်ဆုံး ခုံတန်းလေးမှာ သွားထိုင်လိုက်တယ် ထိုအချိန်မှာပဲ မိုးဖွဲလေးတွေကျလာတယ် အလင်းငယ်သူ့အကျင့်တိုင်းဖုန်းလေထုတ်နားကျပ်လေးတပ်
ပြီး အပြင်ကို ငေးနေမိတယ် ဟူး ကြိုဆိုမဲ့သူမရှိတဲ့အိမ်လေးကို ပြန်ရအုန်းမှာပါလား...အလင်းငယ်မှန်အပြင်ဘက်ကို ငေးတုန်း ဘေးခုံနေရာက အိခနဲဖြစ်သွားတယ် သူလဲ လူထပ်ရောက်လာတယ်အထင်နဲ့ ဘေးအစွန်ကို ထပ်ကပ်ပေးလိုက်တယ် ဒါပေမယ့် သူနေရင်းထိုင်ရင်းကနေ ကျောချမ်းလာသလိုပဲ တစ်ယောက်ယောက်စိုက်ကြည့်နေသယောင်ခံစားရတယ် ဒါဘယ်လို ခံစားချက်ကြီးလဲကွား....
အလင်းငယ် မလုံခြုံသလိုခံစားရလို့ ဘေးကိုလှည့်လိုက်တော့"အမေ့၊......:("
သူဒုတိယအကြိမ်ထပ် လန့်မိပြန်တယ်
ဘာလဲ ဟိုအကောင်ပေါက်က ဒီအထိလိုက်လာပြီး ဘာလို့သူ့ကို မျက်တောင်မခတ်စိုက်ကြည့်နေရတာလဲ
သူ့မှာ ဘာအကြံအစဉ်တွေရှိနေတာလဲ
အလင်းငယ်အတွေးတွေရှုပ်ထွေးလာပြီ လည်ချောင်းတွေတောင်ခြောက်လာသလိုလို ဂလု....အင်း အိမ်ပြန်ရောက်ရင်တော့ လမ်းထိပ်က ဆိုင်မှာ ခေါက်ဆွဲဘူးဝယ်မဲ့ အစီအစဉ်ကို ဖျက်လိုက်ရမယ်
သူအိမ်ကို တန်းပြန်ရမယ် ဒါမှဟိုအကောင်ပေါက်ဆက်မလိုက်လာမှာ
နောက်နေ့တော့လိုက်မလာလောက်ပါဘူးလေ ဟူး.....ဟင် မိုးက ပိုသည်းလာသလိုပဲ ထီးကလဲ မပါလာပြန်ဘူး အင်း အလင်းငယ်ရေ နင်ကတော့ တကယ်ကံဆိုးပြီပဲ
မိုးရွာထဲ ပြေးရအုန်းမယ်...
ဒီနေ့ကတော့ ပြဿဒါးပဲ.....
ဘေးက အကောင်ပေါက်ကတော့ ဘာသံမှမထွက်ဘဲ စိုက်ကြည့်မြဲကြည့်နေသည် သူလဲမသိချင်ယောင်ဆောင်ပြီး မှန်အပြင်ဘက်ကိုသာ စိုက်ကြည့်နေတော့သည်.....ကဲ ကားဂိတ်တော့ရောက်ပြီ အလင်းငယ် ဆင်းဖို့ပြင်တော့ ဟိုအကောင်ပေါက်လေးရှေ့က ဖြတ်ရအုန်းမယ် သူ့ခြေထောက်ကြီးကိုခွပဲကျော်ရမလား ဖယ်ပဲခိုင်းရမလားမသိ သူထိုအကောင်ပေါက်လေးကို စကားလဲမပြောချင်......
အလင်းငယ်စဉ်းစားနေတုန်းမှာပဲ ထိုအကောင်ပေါက်လေးက အလိုက်သတိဖယ်ပေးလေရဲ့....
YOU ARE READING
လိပ်ပြာ ရစ်ထုံး
Non-Fictionရိုးသားပြီးအထီးကျန်နေတဲ့ ကောင်လေးတစ်ယောက် ရဲ့ဘဝထဲကိုမုန်တိုင်း သေးသေးလေးတစ်ခုဝင်ရောက်လာမယ်ဆိုရင်.......