part - 13

420 45 2
                                    

အလင်းငယ် မနက်မိုးလင်းတော့  ထုံးစံအတိုင်း ဘုန်းက ဖုန်းဆက်နှိုးလေသည်.....

"တီ တီ တီ တီ "

" ဟယ်လို "

" အကို နိုးပြီလား :

" အင်း နိုးပြီ "

" နိုးပြီဆိုပြီး ပြန်အိပ်မနေနဲ့ ထတော့ မျက်နှာသစ် "

" အေးပါကွာငါသိပါတယ်  ထပြီထပြီ "

" အ့ဆိုလဲ ဒါပဲ နော်  ကျွန်တော်  ဆိုင်လမ်းထိပ်မှာစောင့်နေမယ် "

" အေး အေး "

" အကို good morning "

" အင်း  ဒါပဲနော် "

" ဟုတ် "
အလင်းငယ် ဖုန်းချလိုက်သည်
သူတကယ် မသိဘူးပဲ ပြောတော့ အကိုနဲ့ပတ်သတ်တာအကုန် သိတယ်လေးဘာလေးနဲ့ ငါ့မွေးနေ့ကျ မသိဘူး......
မသိလဲ ဘာဖြစ်လဲ အလင်းငယ်ရဲ့ မင်ဟက ဘာကို မျှော်လင့်နေတာလဲ အရင်ကလဲ တစ်ယောက်ထည်း။ ဖြတ်သန်းလာတာကို အခုမှ ဘာတွေ မပျော်နိုင်ဖြစ်နေတာလဲ မဟုတ်သေးပါဘူး........

ဒီနေ့ ဆိုင်မန်နေဂျာဆီက နေ့ဝက်လောက် ခွင့်တောင်းပြီး ဘုရားသွားမလားလို့  ကိုယ့်မွေးနေ့မှာ ဘုရားသွားကျောင်းတတ် ကုသိုလ်ကောင်းမှုလုပ်ရမယ်
သွားရင်လဲ ဟိုအကောင်ပေါက်က လိုက်မှာပဲ
အ့တာကြောင့် အလင်းသစ်  အလုပ်သွားဖို့အင်္ကျီ မဝတ်တော့ဘဲ ဘုရားသွားဖို့သာ ပုဆိုးနဲ့ လည်ကတုံးကို ရွေးဝတ်လိုက်တယ်  ဆိုင်ကိုသွားပြီးမန်နေဂျာကို ခွင့်တောင်းရမယ် ဖုန်းနဲ့ဆက်လဲရပေမယ့်  မလေးစားရာရောက်မှာစိုးလို့  ..........

အလင်းငယ် ပြင်ဆင်ပြီး  ဆိုင်ကိုသွားဖို့ ဘတ်စကားပေါ် ကဆင်းတော့   မှတ်တိုင်ဂိတ်မှာ ထိုင်စောင့်နေတဲ့ ထိုအကောင်ပေါက်လေးက စီးကြိုနေသည်

" အမယ် အကိုက ဒီနေ့ သန့်ပြန့်နေပါလား  ဘယ်သွားဖို့လဲ "

" ဘုရားသွားမလားလို့ပါ "

" အော် ဘာဖြစ်လို့သွားမှာ လဲ "

" ဘားမှမဖြစ်ပါဘူး ဒီနေ့က နည်းနည်းထူးခြားလို့ "

" အော် "
ဘုန်းဘားမှ ဆက်မမေးတော့ နဂိုကဆို သူ မသိရမချင်းမေးနေတဲ့သူက အခုကျ အော်တဲ့လား
ကိုယ်ကလဲ   ကိုယ့်မွေးနေ့ဖြစ်တာကို ကိုယ်ကိုတိုင်မပြောချင်
ဟူး........

လိပ်ပြာ ရစ်ထုံး Where stories live. Discover now