part - 18

455 51 10
                                    

ဘုန်းမင်းသစ် တစ်ယောက် မြတ်နိုးရဲ့ သင်တန်းကို ရောက်တော့  ထမင်းစားချိန်တောင်မရောက်သေး
မြတ် နိုး သင်တန်းပြနေတုန်းမို့ ဘုန်းမင်းသစ်တစ်ယောက် နားနေခန်းမှာသာ ထိုင်စောင့်နေလိုက်သည်
သိပ်မကြာဘူး မြတ်နိုးထွက်လာလေသည်

" အော် ဘုန်းရောက်နေတာ ကြာပြီလား "

" သိပ်တော့ မကြာသေးပါဘူးလေ ဆရာမကြီးက သင်တန်းပြနေလို့ ထိုင်စောင့်နေတာ "

" အေး နင်ကတော့ နောက်ဖို့ပဲ
ကဲ ပြောပါအုန်း အရေးတကြီးတိုင်ပင်ရမယ့် အကြောင်း ဒီအထိတောင် တကူးတက လာပြီးတောင်ပြောရတာဆိုတော့ ဘာများလဲကွယ့် "

" သိပ်လဲအရေးမကြီးပါဘူးဟာ
ငါလဲ နင့် သင်တန်းကို မရောက်တာကြာလို့လာတာပါဟာ
ထမင်းသွားစားမယ်လေ စားရင်းနဲ့ပြောတာပေါ့ "

" အေး သွားကြမယ် နင့်ကားနဲ့သွားမှာလား ငါ့ကားပဲ ယုလိုက်ရမလား "

" ငါ့မှာ ကားပါတယ် ငါ့ကားနဲ့ပဲ သွားမယ်
ဒီနေ့ ငါဒကာခံမယ်ကွယ့် "

" စားရချည်သေးရဲ့ လာသွားမယ် "

....................        .....................    ..................
Time  scrip

ဘုန်းမင်းသစ်နဲ့ မြတ်နိုးတို့မှာစရာ ရှိတာမှာပြီး  စားသောက်နေရင်း မြတ်နိုးကနေပြီး

" ကဲ ပြောလို့ရပြီအကိုတော်ချော "

"ဒီလိုဟာ  ငါ့ကိုတစ်မျိုးတော့မထင်နဲ့ "

" ပြောစရာရှိတာ ပြောတာမဟုတ်ဘူး "

" ဒီလိုဟေ့
ငါ ယောက်ျားလေးတစ်ယောက်နဲ့တွဲမလို့ဟာ
အ့တာ သင့်မသင့် "

မြတ်နိုးကိုင်ထားတဲ့ ဇွန်းကို တင်းခနဲဖြစ်သွားမိသည်

" နင် စနေတာလား ငဘုန်း "

"ငါစနေတာမဟုတ်ဘူး အတည်ပြောနေတာဟာ
ငါ  ဇေယျနဲ့ ရှိုင်းခန်းတို့နဲ့ အလောင်းအစားလုပ်ထားတာဟ"

ဘုန်းမင်းသစ် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်

ထိုအခါမှ မြတ်နိုးလဲ သက်ပြင်းချမိသည်
ဘာပဲဖြစ်ဖြစ်  ဘုန်း အတည်မတွဲသေးတာပဲ ကျေးဇူးတင်တယ် မျှော်လင့်ချက်လေး တော့ရှိသေးတာပေါ့
နင့်ကို ပိုင်ဆိုင်တဲ့ မိန်းခလေးဖြစ်ဖြစ် ကုန်ကုန်ပြောရင်ဟာ ယောက်ျားလေးပဲ ဖြစ်ဖြစ် ငါတကယ်အားကျမိမှာ အမှန်ပဲ

လိပ်ပြာ ရစ်ထုံး Where stories live. Discover now