အခန်း(၁) - အခန္း(၁)

103 2 0
                                    

အိုလန်ပတ်စ် ကို စစ်ကြီးရောက်လာခဲ့တယ်။

မထင်မှတ်ထားတဲ့ ရန်သူက အင်အားစုစောင်းနေတယ်ဆိုတာကို သတိမထားမိခဲ့ကြဘူး။ ရန်သူ့စစ်တပ်ရဲ့ တခုတည်းသောရည်ရွယ်ချက်က ရှိရှိသမျှအကုန် ဖျက်စီးသတ်ဖြတ်ဖို့ပဲ။ နားလိုက် တိုက်လိုက် လုပ်နေတာ။ ရက်စက်ပြီး သွေးချောင်းစီးတဲ့ ဒီစစ်ပွဲဟာ တကယ့်ကို မျော်လင့်မထားတဲ့ စစ်ပွဲတစ်ပွဲ။

ဘာတွေဖြစ်နေနေ တစ်ဦးသော အိုလမ်ပီယမ် အတွက်တော့ ဒါဟာ အခွင့်အရေးကောင်းကြီးတစ်ခုဖြစ်လို့နေပါတယ်။ အိုလန်ပီယာသူရဲကောင်းတွေ တိုက်ပွဲဝင်နေကြတာကို စကျင်ကျောက်တိုင်လုံးကြီးနောက်ကွယ်ကနေ ပေလန် ဟာ ချောင်းကြည့်နေပါတယ်။

ဂျူပီတာက သူ့လက်ထဲက မိုးကြိုးကိုကိုင်ပြီး အားလုံးကိုဦးဆောင်နေတယ်။ သူ့ဘယ်ဘက်မှာက ဇနီးဖြစ်သူ ဂျူနို က စိတ်တိုနေတဲ့ မျက်နှာနဲ့ အသင့်နေရာယူထားတယ်။ သူ့ညာဘက်မှာတော့ ဟာကျူလီ က မားမားကြီးရပ်ပြီး အသင့်ဖြစ်နေပါတယ်။ အပိုလို လည်း အသင့်ဖြစ်နေသလို သူ့ညီမ ဒိုင်ရားနားက လေး ကိုအသင့်ပြင်ထားပါတယ်။ မားစ်လည်း ရှိနေတယ်။ ဗန်လ်ကန် ကတော့ စစ်လက်နက်အပြည့်အစုံနဲ့။ သူ့နောက်မှာတော့ အိုလမ်ပတ်စ် ရဲ့ တမန်တော် မာကျူရီရှိနေတယ်။ မာကျူရီက တောင်ပံတစ်စုံစီပါတဲ့ ဖိနပ်ကို ဝတ်ထားပြီး ဦးထုပ်ကိုဆောင်းထားတယ်။ အားလုံးတိုက်ပွဲဝင်ဖို့ အသင့်နေရာယူလိုက်ကြတယ်။


ပေလန်ရဲ့ အကြည့်က ပီဂဆပ်စ် ဆီရောက်သွားပါတယ်။ လာတော့မယ့်စစ်ပွဲကို စောင့်နေရင်းနဲ့ ရွှေရောင် မြင်းခွာကို တရကြမ်းဆောင့်နေပြီး တောင်ပံနှစ်စုံက တဖျပ်ဖျပ်ခတ်နေပါတယ်။ အနောက်ဘက်မှာတော့ မိမိအိမ်ကို မိမိကာကွယ်ဖို့လို့ အိုလံပီယံတွေ တစ်စုတစ်စည်းတည်း ဖြစ်နေပါတယ်။


ပေလန်က စစ်ပွဲထဲပါဖို့ အစီအစဉ်မရှိဘူး။ သူက နတ်ဘုရားသူရဲကောင်းမှမဟုတ်ပဲ။ မနိုင်နိုင်တဲ့ တိုက်ပွဲမှာ ဝင်ပါပြီးသေရဖို့ ဆိုတာ သူခိုးတစ်ယောက် ရဲ့ အစီအစဉ်ထဲမှာမပါဘူးလေ။ စစ်ဆိုတာက တခြားသူတွေရဲ့ ပြဿနာ၊ သူက အဲဒီထဲက အမြတ်ထွက်အောင်လုပ်ဖို့ သက်သက်ပဲ။ နီရတ်ကျူးကျော်သူတွေ ကို ခုခံနေကြတဲ့ အချိန်မှာ ဂျူပီတာရဲ့ နန်းတော်ထဲဝင်ပြီး ကိုယ်ကြိုက်ရာဝင်ခိုးလို့ရတယ်။ ဒါပေမယ့် ပေလန် စိတ်ဝင်စားတာက ဂျုပီတာရဲ့ ရတနာတွေမဟုတ်ဘူး။

နတ်မြင်းကြီးပီးဂါးဆပ်စ်Where stories live. Discover now