Part 2

369 34 1
                                    

"သား...အလုပ်မှာအဆင်ပြေရဲ့လား..."
မေမေနဲ့ မနက်စာစားရင်းမေးလးတော့ စားနေရင်း မေ့မေ့ကို ပြုံးကြည့်လိုက်သည်...စိတ်ပူတတ်ရန်ကော....

"ပြေပါတယ်မေမေ...သား ရဲ့ ဌာန က လူတွေက ဖော်ရွေတယ်..."

သားဖြစ်သူရဲ့မျက်နှာအမူအရာကိုကြည့်ရင်း သူမ ပြုံးလိုက်သည်...ရင်ထဲမှာလည်း နှင့်ခနဲဖြစ်သွားသည်...သားက အပြုံးနဲ့
ပဲထိုက်တန်တာ...အနာဂတ်မှာ ဘယ်လိုတွေ ဖြစ်လာနေပါ
စေ သားကို သူမ အစွမ်းကို ကာကွယ်ပေးမှာ...သေချာပေါက်
ဘာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ်...ထပ်ပြီးသားကို...

"မေမေ.."

အတွေးတွေကသားရဲ့​ခေါ်သံ​ကြောင့် အဆက်ပြတ်သွားသည်..

"ပြောလေသား.."

"ဘာတွေစဉ်းစားနေတာလဲ...ဖေဖေ့ကိုလွှမ်းလို့လား.."

ခပ်ရွှတ်ရွှတ်နောက်တတ်တဲ့ သားရဲ့ ဒီလိုအမူအရာတွေ
ကြောင့်လည်း သူမ သားကို အချစ်ပိုရပါသည်...ဘာမှ
ထပ်ဖြစ်မလာတာပဲကောင်းတယ်သားရယ်...မေမေ
ဒီလိုလေးပဲ နေသွားချင်တယ်....

.................................................................

ဂျေး အလုပ်ထဲဝင်ဝင်ချင်း ဟိုတစ်စု ဒီတစ်စု တီးတိုးတီးတိုးဖြစ်​ဖြစ်​နေတဲ့ လူစုတွေကြောင့် အကြောင်းတစုံတရာကို
အတင်းချနေကြမှန်း သတင်းဖြန့်နေကြမှန်း သိလိုက်သည်...

"ဘာတွေဖြစ်​နေတာလဲ မမ လီလီ.."
မိမိနေရာမှာဝင်ထိုင်လိုက်ပြီး ဌာနရဲ့ အားကိုးရာဖြစ်တလဲ
တည်ငြိမ်ရင့်ကျက်ပြီး ခေတ်ရှေ့ပြေးတဲ့အမျိုးကောင်းသမီး
လို့ဆိုရတဲ့ ဘေးခုံက စီနီယာ အစ်မကို မေးလိုက်သည်..

"ဌာနမှူးအသစ်ပြောင်းလာမှာတဲ့..."

အပိုလည်းမ​ပြောတဲ့ လီလီက ကွန်ပြူတာကို အကြည့်မခွာပဲ
ဖြေလိုက်ရင်း အလုပ်ကို ဆက်လုပ်နေလိုက်သည်...သူခမျာ
သြော်..ဆိုရုံအပြင် မမေးရဲတော့...သူမက သိပ်ပြီး စိတ်ရှုပ်လည်း ခံတာမဟုတ်...တော်ကြာ သူ့ကို စိတ်ကွက်သွာူမှဖြင့်
နှောင်အကူအညီတောင်းမရဖြစ်သွားနိုင်သည်လေ...

စုရုံးစုရုံးဖြစ်နေတဲ့လူစုတွေ မိမိရဲ့နေရာတွေဆီ ကမန်းကတန်း ရောက်သွားကြတော့ ဘာရယ်မဟုတ် ဖိုင်တွေစစ်ရာမှ
ဂျေး ခေါင်းမော့ကြည့်လာသည်...

MemoriesWhere stories live. Discover now