Part 6

200 22 1
                                    

မြင်ကွင်းရှေ့ လက်နှစ်ဖက်ကို ပွတ်ချေပြီး ခေါင်းငုံ့နေတဲ့ သူက အချိန်မဆွဲချင်တာမို့ထင်သည်...ထရပ်လိုက်ပြီး ခေါင်းငုံ့ နေရင်းမှ ဂျေးအား အမျိုးကောင်းသားတို့ဂုဏ်မပျက်စေလိုခဲ့.....

"မနေ့က ကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ် အကိုလေး..."

ရိုကျိုးနေပေမဲ့ မာန်မပျက်တဲ့ သူ့အပြောတွေကို ဘာရယ်မသိ သဘောတကျပြုံးမိသည်...*အဲ့ကတည်းကဖြစ်မည်...*
ခြေချိတ်ထိုင်ရာမှ ထရပ်လေတော့ ခေါင်းငုံ့ထားနေတဲ့ သူ့ရဲ့နားဖျားသာသာလောက်သာရှိတဲ့ ကိုယ့်အရပ်ကို သဘောမကျဖြစ်မိရပြန်သည်....ကျယ်ပြန့်တဲ့ သူ့ပခုံးပေါ် လက်ဖြင့် ဖွဖွပုတ်ရင်း ရည်ရွယ်ချက်ရှိရှိပြုံးလိုက်မိသည်...ဒီကြောင်းပြချက်နဲ့ သူ့ကို နိုင်စားကောင်းပါရဲ့...အတွေးတို့က မျက်နှာထက်အထိကူးစက်လေတော့ နှုတ်ခမ်းသားတို့က ခပ်ဖွဖွပြုံးမိသည်....

"ဟူး...ဘယ်လိုလုပ်မလဲ ကျွန်တော်က ခင်များကို သဘောမကျဘူးထင်တယ်..."

စိတ်ပျက်သံယောင်ပြုနေတဲ့ ကျွန်တော့်ရဲ့စကားလုံးတွေအောက်မှာ သူအကြည့်တို့ဆုံစေလိုက်လေရဲ့...စိုးရိမ်နေတဲ့ ခင်များရဲ့ စိတ်ကို အတိုင်းအသားမြင်နေရလို့ ပိုပြီး စနောက်ချင်သည်
ဒါဟာ ပထမဆုံးအကြိမ် သူစိမ်းအမျိုးသားအပေါ် ဖြစ်လာတဲ့ ကျွန်တော်ရဲ့ ခံစားချက်...*ခင်များဖြစ်ခဲ့လို့ထင်သည်..*
ဆန်းကြယ်မှုကို ကျွန်တော် သတိမထားမိသေး...ချိန်းချက်ထားတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံမှုကို ရယူဖို့ ပလိမ်စစ် ညဏ်နက်တွေနဲ့ လိမ်ဆင်ရမှာထက် ခင်များကို အာရုံပိုရှိနေခဲ့သည်....ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ် ချွင်းချက်..
အကြည့်တို့လွှဲ လိုက်ပြီး စောစောကအတိုင်း ခြေချိတ်ထိုင်ရင်း
အိမ်အကူတချို့ကို ခေါ်လိုက်သည်....တကယ်တမ်း နှစ်ယောက်သာရှိသည်လေ...

"နွယ်နွယ်...ဒေါ်လေး..."

သူ့ခေါ်သံကြောင့် ရှေ့ဆင့်နောက်ဆင့်ရောက်လာတဲ့ အိမ်အကူ အမျိုးသမီးငယ်နှင့် သက်လတ်ပိုင်း အမျိုးသမီး...

"ဘာခိုင်းစရာရှိလို့လဲ အကိုလေး..."

သူ့ထံအကြည့်မလွဲပဲ စူးရဲစွာစိုက်ကြည့်နေရင်းမှ ပြုံးမိသေးသည်....ဘာကြောင့်မှန်းမသိ ဖေဖေပို့လိုက်တဲ့ ဒီသက်တော်စောင့်က ကျွန်တော့်ကို အကြိမ်ကြိမ် ပြုံးမိစေသည်...တခဏအတွင်းလေးကိုလေ....အဆင်မပြေလောက်ဘူးလို့ ထင်ထား
တာ....

MemoriesWhere stories live. Discover now