(SIFCB-(5)

853 196 7
                                    

(zawgyi)
(5)

" ငါတို့အခု ဒီရွာက ဘုန်းကြီးကျောင်းကို သွားမှရမယ်..."

မှိုင်းက မျက်ထောင့်နီနှင့် ကြည့်နေသည့် မိန်းမအသံနှင့် တဟီးဟီးရယ်နေသော သီဟိုရ့်ကို ရယ်ရွယ်ကာ စိတ်ကျဉ်းကျပ်စွာပြောလိုက်သည်။

ထိုစကားကြားသည်နှင့် ဘယ်သူမှ တွေဝေမနေတော့ပဲ...ကြိုးတုပ်ခံထားရသည့် သီဟိုရ့်ကို အေစ့်နှင့် ကိုးကိုး မနည်းဆွဲမလိုက်ကြသည်။

အခန်းထဲမှ ထွက်ရန် မှိုင်းက လွယ်အိတ်၁လုံးကို
ကောက်ယူကာ ပြန့်ကျဲနေသောပစ္စည်းတွေကို ကောက်ထည့်လိုက်သည်။လိုရမယ်ရ ယူဖြစ်အောင်ယူသွားရမယ်။

အခန်းပေါက်ဝနား ၄ယောက်လုံး ရောက်သွားသည်နှင့် သီဟိုရ့် ဆီမှ စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံက ကြောက်ခမန်းလိလိ ပေါ်ထွက်လာပြီး
၎ယောက်သား အခန်းတွင်း လွှင့်စင်သွားခဲ့သည်။

အေစ့်တို့၃ယောက် ကျောမှအောင့်သက်သက် နာကျင်မှုကို ခံစားလိုက်ရပြီး ဖုံတွေအလိမ်းလိမ်းထသွားသည့် အခန်းထဲမှ ကုန်းရုန်းထလိုက်သည်။ကြိုးတုပ်ခံထားရပြီး ဒူးထောက်နေသည့် သီဟိုရ့်ကို သုံးယောက်သား ပြန်ဖမ်းချုပ်ကာ..ရုန်းရင်းဆန်ခတ်အနေအထားနှင့် အခန်းတွင်းမှ ထွက်ရန်ပြင်လိုက်သည်။

သို့သော်...အခန်းပေါက်ဝနားရောက်သည်နှင့် လေးယောက်သားအခန်းအတွင်းသို့ လွှင့်စင်သွားခဲ့ပြန်သည်။

" shit...ငါတို့ သီဟိုရ့်ကို ခေါ်သွားလို့မရဘူး..."

ကုန်းရုန်းထရင်း မှိုင်းပြောလိုက်သည်။

" ဟင့်အင်း...ငါ သီဟိုရ့်ကို မချန်ထားခဲ့နိုင်ဘူး.."

ကိုးကိုးကလဲ ခေါင်းမာစွာ အော်ဟစ်သည်။
ဒူးထောက်နေသည့် သီဟိုရ်က မျက်ဝန်းနီနီရဲရဲတွေနှင့် တဟီးဟီး ရယ်နေဆဲပင်။

" ငါတို့ ဘာဆက်ဖြစ်မလဲ မသိနိုင်ဘူး...ကိုးကိုး
ငါပြောတဲ့စကားကို နားထောင် အခု ငါတို့ ဒီကနေ သွားကြမယ်...သီဟိုရ့်ကို မနက်လင်းတာနဲ့
ပြန်လာခေါ်မယ်..."

မှိုင်းက အတတ်နိုင်ဆုံး နူးညံ့သည့်လေသံနှင့်
သူ့ညီကို ချော့လိုက်သည်။

Horror & LoversOù les histoires vivent. Découvrez maintenant