SIFCB-(6)

823 199 1
                                    

zawgyi
(6)

မှိုင်း အဆင်မှပြေပါ့မလား...ကားဆီသို့အရောက်သွားနိုင်ပါ့မလား...မှိုင်းက ဘယ်လောက်ပဲ သတ္တိရှိသည့် သူဖြစ်နေပါစေ...၁ခုခုဖြစ်သွားမည်ကိုတော့ အေစ့် အရမ်းစိုးရိမ်သည်။
သို့သော် ကားမောင်းထွက်သွားသည့်အသံ ခပ်သဲ့သဲ့ ကိုကြားလိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

၁၅မိနစ်လောက်ကြာသည့် အချိန်တွင်....ဒူးထောက်ကာ ငြိမ်နေသည့် သီဟိုရ်က ဝူးဝူးဝါးဝါးတွေအော်ဟစ်လာပြီး...မတ်တပ်ထရပ်လာသည်။ပတ်တီးစည်းထားသည့် ခေါင်းမှ သွေးတွေက မြင်မကောင်းအောင် စီးကျလာသည်။

အေစ့်နှင့်ကိုးကိုးလဲ မတ်တပ်ထရပ်လိုက်သည်။
နောက် ကိုးကိုးကို မထိခိုက်စေချင်တာကြောင့်
အေစ့်အနောက်ဘက်သို့ ဆွဲပို့လိုက်သည်။

အထပ်အထပ် ချည်နှောင်ထားသည့် ကြိုးတွေကို ရုန်းနေရင်း သီဟိုရ်က ဝူးဝူးဝါးဝါးအော်ဟစ်နေသည်။

သီဟိုရ်ရဲ့ မမြင်နိုင်သည့်အားကြောင့်လားမသိ
ကြိုးတွေက ပြတ်ထွက်မလို ဖြစ်လာပြီး ရုန်းကန်နေသည့်နေရာတွေကနေ သွေးတွေစိမ့်ထွက်လာသည်။

အေစ့် သီဟိုရ်နားအမြန်သွားပြီး မှိုင်းချန်ထားခဲ့သည့် ကြိုးတွေနှင့် မရုန်းနိုင်အောင် ထပ်ချည်နှောင်လိုက်သည်။ဒီ၁ခါတော့ ခြေထောက်တွေပါမကျန် တစ်ကိုယ်လုံး လှုပ်မရအောင်ချည်လိုက်သည်။

သီဟိုရ်က သူ့ကို တစ်ကိုယ်လုံး ချည်နှောင်ထားတာကို မကြိုက်တော့သည့်အလား အတင်းတွေ
ရုန်းကန်လာသည်။ပါးစပ်တွင် ပတ်ထားသည့်
အဝတ်စကို ကိုက်ထားရင်း စကားတွေပြောလာသည်။ပြောသည့်စကားတွေက ထိုင်းစကားဖြစ်သည့်အပြင် အဝတ်စနဲ့ပါ စည်းနှောင်ခံထားရရင်းပြောနေသည်မို့ ဘာတွေပြောနေသလဲ အေစ့်နှင့်ကိုးကိုးတို့၁ယောက်မှ နားမလည်...။

ရုန်းသည်...။
ကြိုးတွေ ပြတ်ထွက်သွားတော့ မတတ် အင်အားတွေသုံးနေသည်။ နှုတ်မှလဲ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အသံကြီးနှင့် အော်ဟစ်နေပြီး တစ်လိမ့်ချင်းလိမ့်ကာ ရုန်းကန်နေသည်။အေစ့်နှင့်ကိုးကိုး ၊သီဟိုရ်နှင့် ရုန်းရင်းဆန်ခတ်တွေ အတော်ကြာဖြစ်ပြီးသည့်
နောက်တွင် သီဟိုရ် ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့သည်။

Horror & LoversTempat cerita menjadi hidup. Temukan sekarang