(1)

1K 42 0
                                    

Unicode

ပတ်ဝန်းကျင် အခြေအနေသည်  လေတိုးသံပါ ကြားနိုင်လောက်တဲ့အထိ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
ထိုအခြေအနေအား ဖြိုခွင်းလိုက်သူမှာ
နဂါးမြေ၏သခင်  ကျန်းလုံဝမ် ။

"ငါ့ရဲ့ ဘ်ိုးဘွားပိုင် နဂါးလက်စွပ်တော်ဟာ
မိစ္ဆာ လျှိုရှန်းကို နှိမ်နင်းတဲ့တိုက်ပွဲမှာ
ပျောက်ဆုံးခဲ့ရတယ် အဲအတွက်ကြောင့်
ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့အနေနဲ့ ဒီနေ့
ကျင့်ကြံသူလောကနဲ့ တွေ့ဆုံပွဲပြီးရင်
ဆယ်နှစ်တိတိ ဂူပိတ်လေ့ကျင့်မှာ ဖြစ်တာကြောင့် ဒီက ကိစ္စအားလုံးကို ညာလက်ရုံး
ဖုန်ရှစ်ကွမ်းနဲ့ ဘယ်လက်ရုံး ဝူကျင့်တို့က
ကြီးကြပ်လိမ့်မယ် "

"ဆယ်နှစ် က များလွန်းပါတယ် အရှင်
ဒါက မတော်တဆ တစ်ခုပဲလေ"

မိဖုရားကြီးမှ ဝင်ရောက်ထောက်ခံတော့
ကျန်တဲ့မိဖုရားတွေကပါ ဝင်ရောက်
ထောက်ခံကြ လေသည် ။

သူ့မှာ မိဖုရားပေါင်း ခုနစ်ယောက်တိတိရှိကာ မိဖုရားကြီးဟာမျိုးရိုးမြင့်လွန်းတဲ့ နဂါးမ
ဖြစ်ပြီးကျန်မိဖုရားများမှာလည်း
နဂါးလောက မိစ္ဆာလောက ကျင့်ကြံသူလောက  အသီးသီးရဲ့မျိုးရိုးမြင့် အဆင့်အတန်းများသာဖြစ်သည်။

"ဘယ်သူမှ ဆက်မပြောနဲ့ ဒါ ငါ့အမိန့်ပဲ"

အရှင့်ရဲ့ လေသံမာတစ်ချက်မှာ အားလုံးဟာ
နဂိုမူလအတိုင်း ပြန်လည် ငြိမ်သက်သွား၏။ ဟုတ်တယ်။ အသံမှာတင် တစ်ဖက်လူအပေါ် လွှမ်းမိုးမှုရှိနေတတ်တဲ့သူပဲ။

နီညိုရောင် ဝတ်စုံနှင့် ခံ့ညားလှသည့်အရှင်က
အမျိုးသမီးတိုင်းအတွက် မက်လောက်စရာ။
ကြီးမားသည့်အရှိန်အဝါတစ်ခုဟာ
နဂါးတို့၏ အရှင်အပေါ် သက်ရောက်လျက်ရှိသည့်အပြင် တေးတေးစေ့ထားတဲ့ နှုတ်ခမ်းတစ်စုံနှင့် စူးရှသော မျက်ဝန်းညိုတို့ကပင် ရန်ဘက်ကိုတစ်ပန်းသာစေသည် ။

နဂါးအမြုတေ အင်အားဟာ ခန့်မှန်းမရလောက်အောင်ကို ကြီးမားပြ်ီး ရန်သူအပေါ် တိုက်ခိုက်ရာတွင်လည်း ရက်စက်လွန်းတာကြောင့် မိစ္ဆာများသာမက ကျင့်ကြံသူများပါ စစ်မက်ထက် မဟာမိတ်ဖွဲ့ရေးကိုသာ အလေးပေးကြသည်။

Possessive Where stories live. Discover now