ရိုးရိုးလေးမို့ချစ်တာ
အပိုင်(5)
တစ်ဖြည်းဖြည်း စာသင်နေရင်းအချိန်တွေကုန်ဆုံးသွားပြီးနေ့လည်ထမင်းစားချိန်သို့ရောက်လာခဲ့တော့သည်
စာအုပ်တွေသေချာသိမ်းဆည်းကာထရပ်လိုက်ပြီးလွယ်အိတ်လေးကောက်လွယ်ကာရွယ်ယမ်ဘသူကိုမှစကားမပြောဘဲအရင်ဦးစွာထွက်လာခဲ့လေသည်
စုန့်လန် အမြန်နဲ့ရွယ်ယမ်အနောက်ပြေးလိုက်ကာရွယ်ယမ်လက်အားလှမ်းဆွဲထားလေသည်
ရွှယ်ယမ်
လွတ်လိုက်စုန့်လန်ရွယ်ယမ်အောင့်သိမ်းထားရသမျှဒေါသတို့အနည်းငယ်ထွက်လာကာစုန့်လန်အားဒေါသအသံနဲ့အော်ပြောလိုက်လေသည်
စုန့်လန် ရွယ်ယမ် လက်အားလွတ်ပေးလိုက်လေသည်
ရွယ်ယမ် ဘာမှမပြောဘဲကားအနားသာလျောက်လာကာကားပေါ်တက်လိုက်ပြီးအိမ်သို့ပြန်လာလိုက်တော့သည်
ရှင်းချန် အနောက်မှ ထရပ်ကာစုန့်လန်အနားလျောက်လာလိုက်ပြီး
ရှင်းချန်
ရွယ်ယမ်ကဘာဖြစ်သွားတာလဲစုန်လန်
မသိဘူး ဟေ့ မသိဘူး သိချင်မင့်လင်မင့်သွားမေးရှင်းချန် စုန့်လန် အပြောကြောင့်အနည်းငယ်ယှက်သွားပြီးခေါင်းလေးငုံ့ကာ
ရှင်းချန်
ဟျောင့်မင့်လင်ငါ့လင်ဟုဘူးနော်စကားကြည့်ပြောငါထိုးမိတော့မယ်ရှင်းချန်စုန့်လန်အားလက်သေးသေးဖြူဖြူသွယ်သွယ်းလေးတွေကိုစုစည်းကာလက်သီးလေးဆုပ်ပြီးစုန့်လန်ရင်ဘတ်အားထိုးလိုက်လေသည်
စုန့်လန်
အမေ့ ဘာလို့ထိုးတာလဲရှင်းလေးရှင်းချန်
ဘောကိုရှင်းလေးလားထပ်ထိုးပေးရအုံးမလားရှင်းချန်စုန့်လန်အားမျက်စောင်းလေးထိုးကာမေးလိုက်လေသည်
အားချင်တစ်ယောက်အခန်းထဲမှထွက်ကာရှင်းချန်တို့အနားလျောက်သွလိုက်ပြီးထမင်းအတူသွားစားရန်ပြောလေသည်
အင်း
ရှင်းချန် အားချင်အားကြည့်ကာ သွားကြမယ်ဆိုကာအရင်သွားလေသည်
စုန့်လန် အားချင့်အားကြည့်မရပေမယ့်နောက်ကသာလိုက်ခဲ့ရတော့သည်
ရွယ်ယမ် ကြည့်မရတာလဲမပြောနဲ့တကယ်ဘဲရှင်းလေးအနားအတင်းလိုက်ကပ်နေတာသိသာလွန်းတယ်စုန့်လန်စိတ်ထဲမှပြောကာလိုက်ခဲ့လိုက်သည်
တဖက်မှ
ရွယ်ယမ် ကားမာင်းနေရင်းဒေါသများအလိမ့်လိမ့်ထွက်နေတော့သည်ကားကိုအကြမ်းမောင်းကာအိမ်သို့ရောက်လာတော့သည်
အိမ်ရောက်တော့ ကားရပ်လိုက်ပြီးအပေါ်ထပ်ကိုတန်းတက်သွားလေသည်
အာရီ
သခင်လေး နေမကောင်းဘူး လားဘာလို့ပြန်လာတာလဲအိမ်တော်ထိန်းအဒေါ်ကြီးလဲသခင်လေးအားစိုးရိမ်သွားကာမေးလိုက်မိလေသည်
ရွယ်ယမ် တစ်ယောက် ပြန်မဖြေဘဲအခန်းထဲသာဝင်ကာတံခါးကိုဝုန်းကနဲကန်ပိတ်လိုက်လေသည်
အခန်းထဲ ရောက်တော့ရှိသမျှဒေါသများကိုနံရံပေါ်သို့သာကျရောက်စေလိုက်သည်
ဘယ်လောက် တောင်ကြာအောင်ထိပေါက်ကွဲနေမိသည်မသိလက်သီးလေးတွေကသွေးမျာတစိမ့်စိမ့်ကျကာလူကမူးချင်လာသလိုအမြင်တွေဝေဝါးလာပီးမေ့လဲကျသွားလေတော့သည်
L//