အပိုင်(12)

60 7 0
                                    

ရိုးရိုးလေးမို့ချစ်တာ

အပိုင်(12)

ရှင်းချန် မနက်ခင်းကတည်းကစိတ်ဆိုးပြီးအိပ်လိုက်တာညနေတောင်စောင်းသွားတော့သည်

နောက်တော့ရှင်းချန်ထထိုင်လိုက်ပြီးအပျင်းကြောဆန့်ကာရေချိုးခန်းထဲဝင်သွားပြီးရေချိုးပြင်ဆင်ကာလန်းဆန်းသွားတော့အောက်ထပ်ဆင်းလာလိုက်ကာဗိုက်ဆာတာကြောင့်မီးဖိုဆောင်ဝင်ပြီးထမင်းစားလိုက်လေသည်

ထမင်းစားပြီး တော့အပေါ်ထပ်ပြန်တက်လာကာအခန်းထဲရောက်တော့ခုံပေါ်ထိုင်လိုက်ပြီးရွှယ်ယမ်ဆီဖုန်းဆက်ရန်ပြင်လိုက်ပြန်ချလိုက်နဲ့စိတ်တွေဒွိဟဖြစ်နေတော့သည်

*တီတီ*

ရှင်းချန်စဉ်းစားနေတုန်းဖုန်းသံမြည်လာတာကြောင့်နံပါတ်လေးကြည့်လိုက်တော့ရွှယ်ယမ်ဆီကဖြစ်နေလေသည်

ရှင်းချန် အခုထိစိတ်ဆိုးနေသေးတယ်လေဖုန်းကိုမကိုင်ဘဲထားထားလေတော့အဆက်မပြတ်မြည်နေသောဖုန်းသံလေးကြောင့်မနေနိင်တော့စွာဖုန်းကိုင်လိုက်လေသည်

ရှင်းချန်
Hello

ရွှယ်ယမ်
ရှင်း မောင်ဖုန်းခေါ်နေတာကြာနေပြီလေဘာလို့ဖုန်းမကိုင်ရတာလဲ ရှင်းအဆင်ပြေလားတစ်ခုခုဖြစ်နေလားဟင်မောင်စိတ်ပူလိုက်ရတာရှင်းရယ်

မောင်လေမနက်အိမ်ပြန်ရောက်ကတည်းကဖုန်းတွေခေါ်နေခဲ့တာရှင်းဖုန်းကမအားသေးပါလို့ဘဲပြောနေတာအက်တာရှင်းကသူနဲ့ပြောနေတာလဲဟင်

ရှင်းချန်
အက်တာလားမောင်ရယ်ရှင်းလေအားချင့်နဲ့ပြောနေတာပါ

ရှင်းချန် ရွှယ်ယမ်သူ့အပေါ်ဘယ်လောက်ထိချစ်လဲဆိုတာကိုသိချင်ရယ်တမင်စိတ်ဆိုးမပြေသေးတာရယ်ပေါင်းပြီး​လိမ်ပြောလိုက်လေသည်

တဖက်မှ

ရွှဟ်ယမ်
ဘာ......အားချင့်နဲ့ဘယ်လိုများပြောနေလို့လဲဘာစကားတွေများပြောနေတာပါလိမ့်ရှင်းရယ်မောင့်ကိုမရက်စက်ပါနဲ့နော်မောင်ရူးသွားလိမ့်မယ်

ရှင်းချန်
တကယ်လားမောင် အဲ့ဒါ ဆိုမောင်ရှင်းတို့တွေ့နေကျကော်ဖီဆိုင်ကိုလာခဲ့ပါနော်ရှင်းပြောစရာရှိတယ်မောင်

ရိုးရိုးလေမို့ချစ်တာ Where stories live. Discover now