part(23)

727 49 0
                                    

Part(23)

ကျူးနင်အာသည်..
အနက်ရောင်ကျောက်များဖြင့်သွန်းလုပ်ထားသောကုချင်းကိုပိုက်ကာစင်မြင့်ထက်သို့ဖြည်းညင်းစွာတက်လာသည်..

ဘုရင်ကြီးနှင့်တကွလူအပေါင်းတို့မှာထိုအနက်ရောင်ကုချင်းကိုအံသြစွာကြည့်လျက်..

ဝိုး..
ဒါက...ချင်တိုင်းပြည်ကရှားပါးကုချင်းမဟုတ်လား..

ဒါက..ကျူးမျိုးနွယ်စုထဲကိုဘယ်လိုရောက်နေတာလဲ.

ကျူးနင်အာ..နိဂယ်လ်(အနက်ရောင်ကုချင်း)ကိုကြည့်ကာ..

ထိုကုချင်းကိုအရင်ဘဝကတစ်ခေါက်မှအသုံးမပြုခဲ့ဘူးကြောင်းအမှတ်ရလိုက်သည်..

ယခုပွဲလါခါနီးမှပင်
မြေအောက်ခန်းထဲတွင်သိမ်းထားတာမြင်၍..ယူလာခြင်းဖြစ်သည်

အိုး.ဒီအနက်ရောင်ကုချင်းက..ထူးဆန်းနေလိမ့်မယ်လို့မထင်ထားဘူး.

စင်မြင့်ထက်၌ရပ်နေသောသူမကိုကြည့်ရသည်မှာသေခြင်းကိုယူဆောင်လာသောနတ်ဘုရားမသဖွယ်..

ဖြူဖွေးနေသောအသားအရေပေါ်၌အနက်ရောင်ဝတ်ရုံကတလွင့်လွင့်..

သူမပုံစံကအထီးကျန်နေဖွယ်..

ကုချင်းကိုသတိမထားမိဘဲတီးခတ်လိုက်မိသည်..

ထိုအခါတစ်ယောက်တစ်ပေါက်ငြင်းခုံနေသောလူထုကြီးမှာတိတ်ဆိတ်သွားပြီး

သူမကိုငေးမောကာကြည့်နေကြသည်..

အချိန်တွေကြာညောင်းလှပြီ..
မေပယ်ရွက်တွေလဲနီမြန်းနေပြီ..
မြစ်ဝါမြစ်ကလဲအရင်အတိုင်းပဲစီးဆင်းနေမြဲ..

လူတွေကလဲ..နာကျင်နေတာမေ့လျောဖို့..မြစ်ဝါမြစ်ကရေကိုအငမ်းမရသောက်ကြတယ်..

ပီအိုနီပန်းလေးတွေပွင့်နေပြီ..

နွေကုန်လို့ဆောင်းရောက်ခဲ့ပြန်ပြီ..

မင်းကတော့ငါ့ကိုမေ့ထားခဲ့ပြီ
ဆောင်းနှင်းစက်များကြားမှာ..
ငါဟာ..ဒယ်အိုပလိုတွေကိုမှုတ်ထုတ်ရင်း
ဆုတောင်းနေမိတယ်.

တစ်ခေါက်လေးပဲဖစ်ဖြစ်ငါ့ကိုသတိရဖို့

သူမ၏အထီးကျန်ဆန်သောမြင်ကွင်းကို
ကြည့်နေကြသောလူအပေါင်းတို့သည်

အဲ့ယောက်ျားကငါ့အပိုင်(ခေတ္တရပ်နား)Where stories live. Discover now