part(24)

724 51 0
                                    

Part(24)

ရှရွဲ့ယွီတစ်ယောက်..လက်သီးကိုတင်းတင်းဆုပ်လိုက်ရာလက်ဖဝါးထဲသို့လက်သည်းများပင်စိုက်ဝင်သွားပြီးသွေးများတစက်စက်ကျလာသည်.

အထိန်းတော်ကြီးသည်ထိပ်လန့်စွာဖြင့်
အော်ဟစ်လိုက်သည်
မိဖုရားကြီး.............ဆေးအမြန်ယူခဲ့စမ်း..

အထိန်းတော်ကြီး..

အမိန့်ရှိပါမယ်မယ်...

ကျူးမိန်းကလေးကိုလက်ဘက်ရည်သောက်ဖိတ်ဖို့အစေခံလွှတ်ပြီးအကြောင်းကြားလိုက်....

ဟုတ်ကဲ့ပါမယ်မယ်.

အထိန်းတော်ကြီးထွက်သွားပြီးနောက်.

မင်း...မင်း.
သေကိုသေရမယ်.........
သူကငါ့အပိုင်မို့..အမြဲတမ်းငါ့အပိုင်.
သူ့ကိုငါ့ဆီကလုမဲ့မင်းကိုဒီလောကကြီးထဲကနေပျောက်ကွယ်အောင်လုပ်ပစ်မယ်..

ဝန်ကြီးချုပ်ကုမင်းစီလဲ...

သြား..ကျူးမိန်းကလေးအတွက်အထည်အလိပ်တွေနဲ့အလှကုန်တွေလက်ဝတ်လက်စားတွေကိုအကောင်းဆုံးပညာရှင်ဆီမှာအပ်ထားချေ..ရရင်သူမကိုလက်ဆောင်သွားဆက်ချေ........
သူမကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်...
ငါ့ချွေးမအဖြစ်လိုချင်တယ်
ကုမင်းဟန်ကိုအမိန့်ပေးလိုက်သည်

ကုမင်းဟန်နှုတ်ခမ်းတွန့်ရုံပြုံးကာ..

သောက်အဘိုးကြီး...မင်းကြဲထားတဲ့အတိုင်းဖြစ်လာလိမ့်မယ်လို့ဘယ်လိုတောင်အတင့်ရဲနေပါလိမ့်...ဟမ့်.

ကုမင်းဟန်ဦးခေါင်းညွတ်ကာ.
ကောင်းပါပြီ....

.ရှောင်မီတစ်ယောက်အနားယူရာတဲသို့
သုပ်သုပ်ပြာပြာပြေးလာပြီး..

သခင်မလေး...တခြားအိမ်တော်ကလက်ဆောင်တွေလာဆက်သလာကြတာအများကြီးပဲ..

အိုး....ဟုတ္လား...

ကျူးနင်အာကစိတ်ဝင်စားပုံမပြတော့..
ရှောင်မီကနောက်တစ်မျိုးပြောပြန်သည်..
သခင်မလေး..အဲ့လက်ဆောင်တွေကိုဘာဆက်လုပ်ရမလဲ..

ကျူးနင်အာက
မင်းတို့တွေခွဲယူလိုက်..

ဟုတ်ကဲ့....ဟီးဟီ...ရှောင်မီကဝမ်းသာအားရမျက်နှာကြီးနှင့်တခြားအစေခံများဆီသတင်းကောင်းပြောပြရန်ထွက်ပြေးသွားသည်.

အဲ့ယောက်ျားကငါ့အပိုင်(ခေတ္တရပ်နား)Where stories live. Discover now