Chapter - 7

1.3K 61 11
                                    

[ Unicode]

စော်ကားခံအချစ်မည်သော ချစ်ခြင်းတို့သည်
[ ဒုတိယပိုင်း]

ယမန်နေ့က " ကိုကို နဲ့အတူတူ ထမင်းလာစား လို့ရမလား... " ဟုမေးလာခြင်းကို ဘာမျှတုံ့ပြန်ခြင်းမရှိခဲ့သောကြောင့် သည်ကနေ့ သော်ခ လာမည်ဟုမထင်ပေ။ တစ်ကျောင်းထဲတက်နေခြင်းကြောင့် အမြဲမြင်တွေ့နေရသည့်တိုင် သော်ခ ထိုမျှလောက် စိုင်းမာန် အား ခင်တွယ်မည်ဟုမထင်ခဲ့။ ရိုးရိုးခင်သည်မခင်သည်ကိုတော့ စိုင်းမာန် သိလဲမသိချင်သလို၊ သိဖို့လိုလဲမလိုအပ်ဟုထင်သည်။ စိုင်းမာန်နှင့်သော်ခ နှစ်ဦး၏ အဆင့်သတ်မှတ်ချက်သည် ထိုအထိလည်းရောက်၍မဖြစ်ပေ။ ဘဝပေးအခြေနေအရ သော်ခ နှင့် စိုင်းမာန် သည်စည်းဘောင်အတွင်း၌နေထိုင်ရသောမျိုးနွယ်က​ဆင်းသက်လာသည့် နောက်ဆုံးသောမျိုးဆက်တွေဖြစ်သည်။ ထို့ကြောင့် အခြားသူတို့ထက် သာလွန်၍ ဂုဏ်သိက္ခာကို ဘုရားသဖွယ်ကိုးကွယ်ကြသည့် ဤမျိုးနွယ်၌ သော်ခ ရော စိုင်းမာန် ပါ နှစ်ယောက်လုံး တစ်ဦးပေါ်တစ်ဦး မရိုးကြလျှင်တောင် ဆန်းချင်၍မရ။ ဘဝက ဆုပ်လည်းစူး စားလည်းရူးဖြစ်နေသည့်နှယ်။

အတန်းချိန်ပြီး၍ နေ့ခင်း ထမင်းစားချိန်ကိုပင် ကျော်လွန်နေပြီဖြစ်၏။ သော်ခ ၏အရိပ်အယောင်ကား ရှာမတွေ့ပေ။ ထို့နောက် နာရီဝက်ခန့်အကြာ ကော်ရစ်တာမှလျှောက်လာနေသော သော်ခ နှင့် စိုင်းမာန် တို့အရွယ် မိန်းကလေးတစ်ဦး။ ခေတ်သစ်မြန်မာ့ဝတ်စားဆင်ယင်မှုတို့ဖြင့်လွှမ်းခြုံသော ထိုမိန်းကလေးက လှ၏။ အနီးနားမှ ကျောင်းသား၊ကျောင်းသူတို့၏အာရုံကား ကော်ရစ်တာထက်က ထိုစုံတွဲထံ၌သာ ရှိနေကြသည်။ မသိလျှင်ရုပ်ရှင်ထဲမှမင်းသားနှင့်မင်းသမီး တို့အချစ်ပန်းတွေဝေနေသည်ကို ဘေးရှိလူအကုန်သည်ဝိုင်း၍အားကျနေပုံပေါ်သည်။ ထို့နောက် စိုင်းမာန်၏ မျက်မှန်အောက်ကမျက်ဝန်းတို့သည် ရှေ့တည့်တည့်တွင်ချထားသော ထမင်းပန်းကန်ကိုသာအကြည့်လွှဲဖြစ်သည်။ မျက်မှန် တွင်တစ်ခုခုပေသွား သောကြောင့်ပေလား ရှေ့တည့်တည့်ရှိထမင်းပန်းကန်က ဝေဝါးဝါးဖြင့်။ များမကြာမီ စိုင်းမာန် မျက်မှန်ချွတ်၍သုပ်နေစဥ် နားယဥ်နေသာ အသံ ခပ်သြသြ နှင့် ခေါ်သံတိုးတိုးကိုကြားလိုက်ရသည်။ ဘာမျှပေရေခြင်းမရှိပဲ သုပ်လိုက်သည့် မျက်မှန်ကိုပြန်တပ်လိုက်၏။ စိုင်းမာန်နှင့် မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သော သော်ခ သည် မျက်နှာမူရာရှေ့တူရှု့ကို မျက်တောင်မခတ်စိုက်ကြည့်မိ၏။ အံ့သြနေဟန် ထိုအကြည့်တို့က ကိုကိုထံ၌သာတည်မှီသည်။

ကိုကို့ကို ကျွန်တော်ချစ်တယ်Where stories live. Discover now