Chapter - 8

1.2K 68 8
                                    

[ Unicode ]

ဝဋ်ကြွေးမမည်သော ဝဋ်ကြွေးကိုပေးဆပ်ခြင်း
[ ပထမပိုင်း]

ကောင်းကင်ထက်ဝဲပျံနေသည့် ငှက်ငယ်တို့သည် ကျောင်းစာကြည့်တိုက်အပြင်ဖက်တွင်တဝဲလည်လည်။ ခေါင်ထပ်ခိုးဆီမှ ကြားနေရသော ခိုညည်းသံသည် စာကြည့်တိုက်၏ တိတ်ဆိတ်မှုကိုဖြိုခွင်း၏။ လူတစ်ယောက်စ နှစ်ယောက်စသာ ရှိတော့သော စာကြည့်တိုက်တွင် စိုင်းမာန် နှင့် သော်ခ တို့လည်း ရှိနေကြသည်။ ရှားညိုရောင် ခုံကြီးတွင် ဆေးစာအုပ်တစ်အုပ်ချကာစိတ်ဝင်တစားဖတ်နေသော စိုင်းမာန် သည်နံဘေးရှိ သော်ခ ကိုပင်မေ့နေသည့်နှယ်။ စာဖတ်နေသော စိုင်းမာန် ၏သွင်ပြင်ကိုငေးနေသည့် သော်ခ တွင်တော့ ဂနာမငြိမ်နိုင်ရှိလှသည်။ ထို့နောက် တစ်စုံယောက်၏အကြည့်ခံနေရသော စိုင်းမာန်သည် မနေတတ်တော့ဟန် သော်ခကို လှမ်း၍စနောက်လိုက်သည်။

" ငါ့မျက်နှာမှာ စာတွေကပ်ထားလို့လား သော်ခ.. "

" မဟုတ်ပါဘူး.. "

ပြောလဲပြော ရှေ့တည့်တည့်ရှိစာအုပ်ကိုသာ ပြန်လည်၍ ကြည့်နေသော သော်ခ ၏ပုံစံမှာ ယုန်ပေါက်စလေးနှင့်ပင်တူ၏။ ထို့နောက် နှစ်ဦးသား ဘာမျှမပြောဖြစ်ကြတော့ပဲစာ ကိုသာအာရုံစိုက်ဖတ်နေလိုက်တော့သည်။ နာရီအချို့ကိုဖြတ်သန်းလာပြီးနောက် ကျောင်းဆင်းချိန်ပင် ကျော်သွားပြီဖြစ်၍ ပြန်ရန်ဆော်သြရတော့သည်။ စာကြည့်တိုက်ထဲတွင်ပင် သူနှင့် သော်ခ တို့နှစ်ဦးသာကျန်နေတော့သည်။

" သော်ခ.. ငါတို့အချိန်လဲလင့်နေပြီ.. ပြန်ကြရအောင်.. "

" ဒီနေ့ ကိုကို အိမ်မှာစာလိုက်လုပ်လို့ရမလား.. "

ခုံပေါ်တွင်ချထားသော ကျေားပိုးအိတ်ကိုကောက်လွယ်နေသော စိုင်းမာန်မှ ပေါ့ပါးစွာပြန်ဖြေလိုက်သည်။

" အင်း.. သော်ခ သဘောလေ... အိမ်ကိုတော့ဖုန်းဆက်.. ဒီမှာစာလုပ်မယ်ဆိုတဲ့အကြောင်း.. "

" ဟုတ်ကဲ့ ကိုကို "

တစ်ရွေ့ရွေ့နှင့်နီးစပ်လာသော ဖူးစာကြိုးနီတို့သည် မြဲမြံစွာ ရစ်ထုံးတတ်ကြသည်။ ထိုကြိုးအထုံးတို့ကို ချည်လိုက်လျှင် ဘေးမျက်လုံးထောင်ပေါင်းများစွာ၏ ပြစ်တင်ကဲ့ရဲ့ခြင်းအမှုကြောင့် စိုင်းမာန် နှင့် သော်ခ သည် လူအများတံတွေးခွက်၌ပက်လက်မျောရပေလိမ့်မည်။ အစကတည်းမှ အနီးစပ်မခံခဲ့၊ ထိုကြိုးအထုံးတို့ကို ကူ၍ မထုံးဖွဲ့ခဲ့ပါလျှင် နှလုံးသွေးမြေခခြင်းအမှုကိုရှောင်ကြဥ်နိုင်မည်ဖြစ်ပါရဲ့နှင့် အဘယ်အကြောင်းကြောင့် နီးစပ်စေခဲ့သနည်း။ ​ပို၍မြဲမြံအောင် ကူ၍ထုံးဖွဲ့ပေးခဲ့ပါသနည်းဟု မေးလာခဲ့လျှင် စိုင်းမာန် တွင်ရှိနှင့်နေပြီးအဖြေကား မရေမရာ......

ကိုကို့ကို ကျွန်တော်ချစ်တယ်حيث تعيش القصص. اكتشف الآن