ပြန်လည်နမ်းရှိုက်ခွင့် (သျှီ)

159 7 0
                                    

အပိုင်း ၃

သျှီ

ကျွန်တော်ရဲ့ ဦးရှိန်း ဆိုသည်မှာ အရပ်ရှည်ရှည် အသားလတ်လတ် တောင့်တောင့်ဖြောင့်ဖြောင့် နှုတ်ခမ်းမွေးရေးရေး မျက်ခုံးမွေးထူထူ ကျွန်တော်ကို ကြည့်တဲ့အချိန်တိုင်း ရှုံတွနေတဲ့ နဖူးတစ်စုံ..

အရမ်းချောတဲ့သူတွေထဲ မပါပေမဲ့ ကျွန်တော့်အတွက် သူက နတ်သားတစ်ပါးလိုဘဲ.. သူ့နဲ့ ဘေးချင်းကပ်အခန်းမှာ အိပ်ခဲ့တယ်.. ၇ နာရီဆိုတာနဲ့ ထလိုက်တယ်..  အချိန်တိုင်းက တန်ဖိုးရှိနေတယ်လေ..

"သားသျှီ.. အစောကြီးပါလား..  အိပ်ရေးရော ဝရဲ့လား.."

"ဟုတ်.. သျှီ အိပ်ရေးဝပါတယ်.. ဒါနဲ့ ဦးရှိန်းရော.."

"မင်း.. ဦးတော့ မနိုးသေးဘူး.."

"အင်.. သျှီ ပစ္စည်းလေးတွေ ဝယ်ချင်လို့.."

"ဪ သွားနိုးလိုက်ပါ့လား.. တော်ကြာ အလုပ်နဲ့ဆို နောက်ကျနေမယ်.."

"ဟုတ်.. ဒါနဲ့ သျှီ အပြင်ကနိုးရမှာလား.. "

"နိုးနေဦးမယ်.. သျှီဦးက ကာလနဂါးလေ.. ရော့ သော့ အထဲ ဝင်နိုး.."

"ဟုတ်.."

ကျွန်တော့် သူ့အခန်းထဲ ဝင်သွားလိုက်တယ်..  အထဲမှာ စာအုပ်စင် အကြီးကြီး တစ်ခု ရှိတယ်.. စာပွဲပေါ်မှာ ကွန်ပျူတာ တစ်လုံးရယ်.. ဆေးလိပ်ခွက်ရယ်.. ဓာတ်ပုံ တစ်ပုံရယ်..

သေချာကြည့်မိတော့ အမကြီးတစ်ယောက်ကို သူက ဖက်လို့ ဒီလူကြီး ပြုံတတ်မယ် မထင်ထားခဲ့ဘူး.. ဒီလိုဆိုတော့လည်း တစ်မျိုး ချောတာဘဲ.. သူ့ကုတင်နား ကပ်သွားပြီး..  သူကို နိုးလိုက်တယ်..

"ဦး.. ဦး.. ရှိန်း.."

"ဟင်.."

"ထ.. ထေတာ့.."

"အင်း.."

အိပ်ချင်မူးတူးနဲ့ ထပြီး.. မျက်လုံးမှိတ်ရက်နဲ့ ကုတင်ပေါ်က ဆင်းတယ်..

"မင်း.. မင်း.. ငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ.."

"ဪ.. ဒီလို ဖွင့်တယ်.. ဒီလို ဝင်တယ်.."

"မင်း..ငါကို လာရွဲ့မနေနဲ့.."

"သူမေးလို့ ဖြေရသေးတယ်.."

ပြန်လည်နမ်းရှိုက်ခွင့် သျှီ )Where stories live. Discover now