ပြန်လည်နမ်းရှိုက်ခွင့် (သျှီ)

62 4 0
                                    

အပိုင်း ၂၅

သျှီ

အရမ်းသဝန်တိုတတ်တဲ့ သူ ကျွန်တော်သာ အခြားသူကို အရေးပေးရင် ကျွန်တော်ကို မုန်းသွားမလားဘဲ.. အခုလည်း စိတ်ကြိုက် အကုန် လိုက်ဝယ်ပေးတယ် သူများနဲ့ မလိုက်ခိုင်းတော့ သူကိုဘဲ စိတ်ရှိလက်ရှိ နှိပ်စက်လိုက်တယ်..

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ နေရာမကျန်အောင် ဝယ်ပြီး အထုပ်တွေကို သူကိုင်ခိုင်းထားတယ်..

သူ့ပုံစံက လူကြီးလူ ကောင်း ခပ်တည်တည် အေးစက်စက်နဲ့ကို အထုပ်တွေ တစ်စီတစ်တန်းနဲ့ ကျွန်တော်နောက်က လိုက်လို့ မျက်နှာတစ်ချက်မပျက်ဘူး..

ဒီလူကြီး တော်တော်ကို ချစ်ဖို့ကောင်းနေတာ ဘယ်အချိန်က လူကို ဂရုတစိုက် ချစ်တတ်သွားရတာလဲ..

"ဘာကြည့်နေတာလဲ..ကားတံခါးဖွင့်လေ.."

"ဪ ဆောရီး.."

အထုပ်တွေနောက်ပို့ပြီး အရင် ဝင်ထိုင်လိုက်တယ်.. ခဏနေတော့ သူရောက်လာပြီး အိမ်ပြန်လာခဲ့တယ်..

ကလင်ကလင်

"ဟဲလို နိုင်း သျှီဆီတောင် ဖုန်းမဆက်ဘူး အင်း ကောင်းပါတယ်.. ဟင် ဟုတ်လား ဝမ်းသာပါတယ်..  မနက်ဖြန် ရတယ်လေ.. လာတွေ့မယ်.. ဟုတ် ဂရုစိုက်နော်.. ဒါဘဲ"

ကျွန်တော် ဖုန်းချတော့ မျက်လုံးစိမ်းကြီးနဲ့ စိုက်ကြည့်နေတဲ့ ဦး..

"ဘာကြည့်တာလဲ.."

"သျှီ မင်းဘာဖြစ်ချင်တာလဲ.."

"ဘာကိုလဲ ဦး.."

"ကိုယ် မကြိုက်ပါဘူးလို့ ပြောထားတာကို သူတို့နဲ့ ထပ်ပတ်သတ်နေရတာလဲ.."

"ဒီမှာ ဦး.. သျှီအတွက် နိုင်းဆိုတာ သူငယ်ချင်းတစ်ယောက် အကိုတစ်ယောက်ဘဲ အဲ့ထက် မပိုဘူး..

အင်း အဲလိုဘဲ ဦးက သျှီအတွက် ချစ်ရသူ သျှီ အကြာကြီး မြတ်နိုးတန်ဖိုးထားရသူ သျှီရဲ့ နှလုံးသားထဲက တစ်ဦးတည်းသော ချစ်ရသူ သျှီ ဘဝစာမျက်နှာမှာ ရေးထိုးထားတဲ့ ဘဝရဲ့ အရေးပါဆုံး လူ.."

သူဘာမှ မပြောဘဲ ကျွန်တော့်ကို ငေးကြည့်နေတယ်..

"ထပ်ကြည့်ပြန်ပြီ.. "

ပြန်လည်နမ်းရှိုက်ခွင့် သျှီ )Hikayelerin yaşadığı yer. Şimdi keşfedin