ပြန်လည်နမ်းရှိုက်ခွင့် (သျှီ)

108 7 0
                                    

အပိုင်း ၁၃

နေရှိန်းခ

ကျွန်တော် သူကို သံသယမဝင်ဘူး ဘာလို့ဆို သူက ကျွန်တော်ထက်ကို အမေကို ပိုချစ်လို့.. မတော်တဆလို့ ယူဆနေပေမယ့် ကျွန်တော် အမေတစ်ယောက်ဘဲ ရှိတာမို့ ဖြေသိမ့်မရခဲ့ဘူး..

ဒါကြောင့် ခဏတာ အမြင်မကြည်ဖြစ်ခဲ့ရုံပါ.. ဒါပေမယ့် သူကတော့ ကျွန်တော်ကို ချစ်တယ် ဆိုပြီး ကျွန်တော် အနားမှာ ရှိမနေခဲ့ဘူး..

အနည်းဆုံး သူဆီက နွေးထွေးတဲ့ ပွေ့ဖက်မှုကို လိုချင်ခဲ့တာ ဂျူလိုင်ဆီက မဟုတ်ဘဲ သူဆီက မျှော်လင့်နေမိတဲ့ ကျွန်တော်ကိုယ် ကျွန်တော်လည်း နားမလည်နိုင်ခဲ့ဘူး..

သူကို အခြားတစ်ယောက်နဲ့ မြင်လိုက်ရတဲ့အချိန် ရင်ဘတ်တခြမ်းက နာကျင်လာပြီး သူက ကျွန်တော်ကို မုန်းလို့ အမေကို ဆေးမပေးတာလားလို့ တွေးမိသည်အထိ.. နောက်ဆုံး အခြားသူရင်ခွင်ထဲမှာ မြင်လိုက်ရတဲ့ အချိန် ဒေါသက လွှတ်ထွက်သွားတယ်..

"မင်း.. ငါကို မချစ်ဘူး.."

"ဘယ်လို ပြောလိုက်တာလဲ ဦးရှိန်း.."

"မင်း ငါအပေါ် အနိုင်ယူချင်တာ ငါခံစားချက်ကို ကစားနေတာ.."

"မဟုတ်ဘူး ဦးရှိန်း.. ဒါက သျှီ မတော်တဆ ချော်လဲ.."

"တော်တော့ သျှီ.. မင်းက ယုံကြည်မှုကို အခုလိုဘဲ.. အလွှဲသုံးစား လုပ်တာ အမေအပေါ်ရော အဲလိုဘဲ မဟုတ်လား.."

"ဘယ်လို.. မဟုတ်မှလွဲ ဦးရှိန်း သျှီ က မေမေကြီးကို သတ်တယ်လို့ ပြောလိုက်တာလဲ.."

"မင်းတွေးတတ်သလိုဘဲ.. ငါမှာ အထင်တွေ အမြင်တွေ မရှိဘူး.."

"ဟုတ်ပါတယ် သျှီ မှားသွားတာ ခင်ဗျားမှာ အမြင်တွေ အထင်တွေ မရှိတဲ့ အပြင် ဦးနှောက်လည်း မရှိဘူး.."

"ဘာကွ.. မင်း."

"သူကို မထိပါနဲ့.. "

"မင်းနဲ့ ဆိုင်လား ဒါက ငါတို့မိသားစုကိစ္စ.."

"ဟုတ်ပါတယ် ခင်ဗျားတို့ ကိစ္စ.. ကျွန်တော်နဲ့ မဆိုင်လို့ ဒီလို ရပ်နေတာ သူကို ပိုင်ရင် ခင်ဗျားရှေ့က ဆွဲထုတ်သွားပြီ.. ဒါကြောင့် ပါးစပ်နဲ့ဘဲပြောပါ.."

ပြန်လည်နမ်းရှိုက်ခွင့် သျှီ )Where stories live. Discover now