"ရိပေါ်."ကိုယ့်အားရေချိုးခန်းနံရံမှာကပ်ထားပြီး နားတစ်လျှောက်နှုတ်ခမ်းတွေရွေ့နေတာမို့မနေတတ်စွာကိုယ်ကိုကျုံ့လိုက်မိသည်။ ခန္ဓာပေါ်မှာ boxerတစ်ထည်ကလွဲပြီးမရှိ ။ရိပေါ်ကတော့ဇစ်ပြုတ်နေတဲ့ဘောင်းဘီနဲ့..သူ့အားခါးကနေကိုင်ထားပြီးအနမ်းတွေဖြန့်ကျက်နေတော့လူကမျက်ရည်ပါဝဲချင်လာသည်။.အနေထားပြောင်းတဲ့ပုံစံနဲ့ သူ့ကိုဘေစင်ပေါ်မှာတင်လို့ခြေထောက်ကြားရိပေါ်ကနေရာဝင်ယူသည်။
ညှပ်ရိုးတလျှောက်နဲ့ဗိုက်သားတွေကို မထိတထိနမ်းရှုံ့တော့မျက်ရည်တစ်စက်ကပေါက်ခနဲ။ ရိုက်ကူးရေးမှန်းသိပေမဲ့ရှက်နေတာကိုတားမရ။.ကိုယ့်မျက်ရည်စကသူ့နဖူးပေါ်ကိုကြွေကျတော့မော့ကြည့်လာသည်။.ရိပေါ်ရဲ့ကျောနဲ့ကွယ်နေသည်မို့သူတို့ရဲ့မျက်နှာကို မည်သူမှမမြင်။.ရေချိုးခန်းထဲ၌လည်း.ကျန်းချန်နဲ့ဟောက်ရွှမ်းကလွဲရင်မရှိပါ။ ကိုယ့်ရဲ့အပေါ်ပိုင်းဗလာကိုယ်လုံးကို တခြားရိုက်ကူးရေးသမားတွေကိုမပြနိုင်လို့ဆိုပြီး တစ်ခန်းထဲမှာလေးယောက်သာ။
"စိတ်ကိုလျော့ထားနော်ကော ဘာမှမဖြစ်ဘူး.."
အတတ်နိုင်ဆုံးတော့ရိပေါ်ကချော့မော့သည်။ယ..ခေါင်းကိုတဆက်ဆက်ငြိမ့်ပြတော့ ပြုံးပြပြီးဇာတ်လမ်းကိုဆက်ပြီးအသက်သွင်းသည်။နမ်းရှုံ့ရုံလေးပါပဲ။ ခဏအကြာတစ်ခန်းပြီးဆုံး၏..။ချက်ချင်းဆိုသလိုရိပေါ်ကအနားကသဘက်ကိုသွားယူပြီးသူ့ကိုယ်လုံးမှာပတ်ပေးသည်..။
"ပြီးသွားပြီကျန့်ကော ဘာမှမဖြစ်ဘူးနော်"
"တောင်းပန်ပါတယ် ပီပြင်အောင်သရုပ်မဆောင်လိုက်နိုင်ဘူး"
"မဟုတ်ဘူးကော.သရုပ်ဆောင်ကောင်းတယ်..နားလိုက်တော့..."
ဒီအခန်းတွေကိုသူသိပ်အဆင်မပြေသေးပါ။ကျန်းချန်ကတော့အဆင်ပြေတယ်ဆိုပြီးလာပြောလို့စိတ်သက်သာရာရတော့သည်။ရိုက်ကူးရေးပြီးဆုံးတော့.သူလည်းရှင်းချန်ကောနဲ့အတူအခန်းထဲမှာပြန်နားဖြစ်သည်။
YOU ARE READING
ရည်ရွယ်ရာ..ဆုံမှတ် (ရည်ရွယ်ရာဆံုမှတ်) (complete)
Fanfictionမိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျန့်•• အလိမ်ညာတွေနဲ့စတင်ခဲ့ပေမဲ့ မြတ်နိုးမိသည်ကအမှန်ပါ ••ဝမ်ရိပေါ်•• မိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျ...